နေပြည်တော်  ၂၅  နိုဝင်ဘာ

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai နှင့် Industrial and Commercial Bank of China Group မှ ဥက္ကဋ္ဌ Mr. Gu Shu နှင့်အဖွဲ့အား (၂၂-၁၁-၂၀၁၉)ရက်၊ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကြား ဘဏ်လုပ်ငန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်များ၌ ငွေပေးချေမှုနည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)