သံလွင်အနောက်ခြမ်း ရေအခက်အခဲဖြစ်ပေါ်နေသော ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် WASH လုပ်ငန်းစဉ်ဖြင့် ရေသန့်ရရှိရေး ဆောင်ရွက်ပေးမည်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်အနောက်ခြမ်းရှိ ကျေးရွာအချို့တွင် သောက်ရေ၊ သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ အဆိုပါကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ UNICEF နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ UNICEF ၏ WASH in School အစီအစဉ်ဖြင့် ရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် WASH လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်






