ကျောင်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့်ဌာနဆိုင်ရာများ ပြည်သူလူထုနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အရှေ့ချောင်းအုပ်စု၊ အ.ထ.က (ခွဲ) ပုဂံစုကျောင်း၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။




