ကုန်းကြမ်းမြို့၌ ဌာနဆိုင်ရာတွေ့ဆုံပွဲနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကျင်းပ

လူထုတွေ့ဆုံပွဲနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကိုးကန့်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရေကြည်မြို့နယ် ကျောင်းစုကျေးရွာ၌ မီးလောင်မှုဖြစ်ပွား
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ကျောင်းစုကျေးရွာ၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲက မီးလောင်မှု ဖြစ်ပွားသဖြင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အင်းတော်ကြီးဒေသရှိ မုန်ယိုနေသည့်ဆင်ကို မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ထောက်ကျေးရွာ အောက်ရွှေမှော်အနီးတွင် မုန်ယိုနေသည့်ဆင်အား ယမန်နေ့ မွန်းလွဲပိုင်းက မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိပြီဖြစ်ကြောင်း မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။