စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်းတို့ပူးပေါင်း၍ စာရေးဆရာ ဆူးငှက်၏ လူငယ်တွေဖတ်ဖို့ လူငယ်အတွေးစာစုများ စာအုပ်စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ Community Center ခန်းမတွင် ကျင်းပခဲ့သည်။