ရွှေကျင်မြို့နယ်၌ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံဖွင့်

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီက ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံဖွင့်ပွဲကို ကျင်းပခဲ့သည်။
ဂန့်ဂေါ၌ Physical Fitness Dance အကပြိုင်ပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဒီဇင်ဘာ လူထုလှုပ်ရှားအားကစားလ စတုတ္တပတ်တွင် Physical Fitness Dance အကပြိုင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီက ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ ပထမဆုံးယာဉ်ရပ်နားဝင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ ပုဇွန်တောင်မြို့နယ် ယာဉ်ရပ်နားဝင်း ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက ပုဇွန်တောင်မြို့နယ် နံ့သာဖြူလမ်းရှိ ယာဉ်ရပ်နားဝင်းနေရာ၌ ကျင်းပသည်။
ဖောင်းပြင်မြို့နယ်တွင် ကျေးလက်ရေပေးရေးဆိုင်ရာ အချက်အလက်များ ကောက်ယူလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ရေပေးရေးဆိုင်ရာ အချက်အလက်များကို နိုဝင်ဘာ ၂၈ ရက်မှ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
“မငြိမ်းချမ်းလို့မဖြစ်ဘူး” ဂီတဖျော်ဖြေပွဲကြီးအား မန္တလေးမြို့တွင် လူငယ် ၅၀၀ ခန့်ဖြင့် ဖျော်ဖြေမည်
“မငြိမ်းချမ်းလို့မဖြစ်ဘူး” ဂီတဖျော်ဖြေပွဲကြီးအား မန္တလေးမြို့တွင် လူငယ် ၅၀၀ ခန့်ဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးတာဝန်ရှိသူ ကိုမင်းသိုက်ထံက သိရသည်။
(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ထန်တလန်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်မည့် (၇၂)နှစ်မြောက် ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ အခမ်းအနားကို ထန်တလန်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။