ငဖဲမြို့နယ် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ(နတ်ရေကန်)တွင် ကော်ဖီနည်းပညာပေးသင်တန်းဖွင့်

ကော်ဖီနည်းပညာပေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရှိ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ (နတ်ရေကန်)တွင် ကျင်းပခဲ့သည်။
ကော့ကရိတ်မြို့နယ် ကော့တာကျေးရွာ၌ ကျောက်ချောလမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) ထောက်ပံ့ရန်ပုံငွေဖြင့် ကော့တာကျေးရွာတွင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မြစ်သာမြစ်ဘေး ကိုင်းမြေများ၌ ဟင်းသီးဟင်းရွက်ခင်းများ စိုက်ပျိုး
မြစ်သာမြစ်သည် တောင်ဘက်မှ မြောက်ဘက်သို့ ဂန့်ဂေါမြို့နယ်ကို အလျားလိုက် ဖြတ်သန်း၍ ကျေးရွာများစွာအနီးမှ စီးဆင်းရာ ရေနည်းချိန်ဖြစ်သည့် ဆောင်းကာလတွင် ဒေသနေပြည်သူများသည် မြစ်ကမ်းဘေး ကိုင်းမြေများ၌ မြစ်ရေတင်ပြီး ဟင်းသီးဟင်းရွက်ခင်းများကို နှစ်စဉ်စိုက်ပျိုးကြသည်။
စာဖတ်ရှိန်မြှင့်တင်ရေး ကျေးရွာများအရောက် စာအုပ်/စာစောင်များ ငှားရမ်းပေး
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် စိန်လည်ကျေးရွာနှင့် သပြေသာကျေးရွာရှိ ကျေးရွာပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား  စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု (Mobile Team) အစီအစဉ်ဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက
မြိတ်မြို့၌ ရော်ဘာပင်များတွင် မှိုရောဂါကျရောက်မှုနှင့် ပတ်သက်၍ တောင်သူအသိပညာပေး ဆွေးနွေး
မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ရော်ဘာပင်များတွင် Pestalotiopsis Spp. မှိုရောဂါ ကျရောက်မှုနှင့် ပတ်သက်၍ တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပြည်မြို့နယ်လုံးဆိုင်ရာ စုပေါင်းလူထုစက်ဘီးစီးပွဲ ကျင်းပ
ပြည်မြို့နယ်လုံးဆိုင်ရာ စုပေါင်းလူထုစက်ဘီးစီးပွဲကို ယနေ့ နံနက် ၆ နာရီက ပဲခူတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်ရှေ့၌ ကျင်းပခဲ့သည်။
မူဆယ်-တရုတ် နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲတွင် ကူညီဆောင်ရွက်မည့်သူများအား သင်တန်းပို့ချ
မူဆယ်-တရုတ် နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ရာ ကူညီဆောင်ရွက်ပေးမည့်သူများအား သင်တန်းပို့ချခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက စိန်ရတနာဟိုတယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။