မိတ္ထီလာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီသို့ အထောက်အကူပစ္စည်းများလှူဒါန်း

ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လက်ဆေးဘေစင်များတပ်ဆင်
ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ညောင်ရွှေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာခုနစ်ရွာတွင် လက်ဆေးဘေစင် ရှစ်စုံကို တပ်ဆင်ပေးထားကြောင်း သိရ
မိတ္ထီလာမြို့နယ် ရှင်မြို့ကျေးရွာအပါအဝင် ကျေးရွာငါးရွာဖြတ်သန်းသွားလာသော  အောင်ရတနာတံတား တည်ဆောက်ခြင်းလုပ်ငန်း   ပြီးစီးနိုင်ရန် အလှူရှင်များ လိုအပ်လျက်ရှိ

လောကချမ်းသာ အဘယလာဘ မုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီး) ဘုရား၌ ကဆုန်ညောင်ရေ လောင်းပွဲ ကျင်းပမည်မဟုတ်
ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ် လျက်ရှိသော လောကချမ်းသာ အဘယလာဘ မုနိရုပ်ပွားတော်မြတ်ကြီး၌ ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားစေရန်အတွက် နှစ်စဉ်ကျင်းပသော ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်းလှူပွဲကို ကျင်းပမည်မဟုတ်ဟု ဂေါပက အဖွဲ့ခေါင်းဆောင် ဦးမောင်မောင်မြင့်အေးထံမှ သိရ
ကျွန်းလှမြို့ သစ်ရာမြိုင်ရပ်ကွက် ယာယီဈေးအတွင်း ပိုးသတ်ဆေးဖျန်း
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် သစ်ရာမြိုင်ရပ်ကွက်၊ ရန်အောင်မင်္ဂလာကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသော ယာယီဈေးဆိုင် ခန်းများအား ယမန်နေ့ညနေ(၃)နာရီက ပိုးသတ်ဆေး ဖျန်းပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရ
ငါ့သရောက်မြို့ Community Base Facility Quarantine  ဝင်နေသည့် နေရပ်ပြန်များအား သွားရောက် ကြည့်ရှုအားပေး
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ အခြေခံပညာအထက်တန်း ကျောင်း၊ ဆည်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် တဲမကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းတို့တွင် Quarantine ဝင်နေသည့် နေရပ်ပြန်များအား မေ၅ ရက် နံနက် ၉ နာရီခွဲက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊ ငါ့သရောက်မြို့ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရ