တောင်ကြီးမြို့တွင်  Facilities Quarantine   ဝင်ရောက်ခဲ့သည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်း လုပ်သား ၃၀ဝ ကျော်အား တာဝန်ရှိသူများက နေရပ်အသီးသီးသို့ ပြန်ပို့

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တို့တွင် Facilities Quarantine ၂၁ ရက် ဝင်ရောက်ခဲ့သည် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ရွှေ့ပြောင်းလုပ်သား ၃၀ဝ ကျော်သည် မေလ ၄ ရက်နေ့ ည ၈ နာရီတွင် တောင်ကြီးမြို့သို့ ရောက်ရှိလာပြီး၊ မိုင်းယန်း၊ မိုင်းခတ်၊ ကျိုင်းတုံလမ်းမှ တစ်ဆင့်နေရပ် သို့ပြန်လည် ပို့ဆောင်ပေး လျက်ရှိကြောင်း သိရ
ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ကာလ လူစုလူဝေးလျှော့ချနိုင်စေရေးအတွက် ဟင်းသီးဟင်းရွက် တစ်ပိုင်တစ်နိုင် (Home Garden) စိုက်ပျိုးရန် မျိုးစေ့များ (အခမဲ့) ပြည်သူများ လက်ဝယ်ရောက် ဖြန့်ဝေပေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးကို အထောက်အကူ ပြုစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက် (၉) နာရီမှစ၍ ကျွဲကုန်း ကျေးရွာ၊ စခန်းသာကျေးရွာနှင့် နောင်ပိန်ကျေးရွာရှိ  ဒေသခံပြည်သူများအား မိမိတို့အိမ်ခြံဝင်းအတွင်း ဟင်းသီး ဟင်းရွက်များ တစ်ပိုင်တစ်နိုင်( Home Garden) စိုက်ပျိုးရန်အတွက် မျိုးစေ့များကို အခမဲ့ အိမ်တိုင်ယာရောက် ဖြန့်ဝေပေးလျှက်ရှိကြောင်း သိရ
ဝေါမြို့ ဘူတာလမ်းအား တိုင်းဒေသကြီးလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဘူတာလမ်း ကွန်ကရစ်ခင်းခြင်း၊ မြောင်းဖုံးနှင့်ပလက်ဖောင်းပြုလုပ်

မင်းဘူးမြို့နယ်ရှိ မကျီးစုကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်း ၅၀ ရာခိုင်နှုန်းပြီးစီး

ချင်းပြည်နယ်အတွင်း စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ရပ်တန့်မှု မဖြစ်စေရေးအတွက် ကုန်တင်မော်တော်ယာဉ်များ သယ်ယူပို့ဆောင်ခွင့်ပြုထား
ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ဒေသတွင်း ပြည်သူများအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှု၊ ရှားပါးမှုမရှိစေရေးနှင့် တည်ဆောက်ရေး၊ ဆောက်လုပ် ရေးလုပ်ငန်းများ ရပ်တန့်မှု မဖြစ်ပေါ်စေရေး၊ အရှိန်မပြတ် ဆောင်ရွက်နိုင်စေရေးအတွက် ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်နှင့်အတူ စားသောက်ကုန်နှင့် တည်ဆောက်ရေးလုပ်ငန်းသုံး သွင်းကုန်များ အားလုံး သယ်ယူပို့ဆောင်နိုင်ရေး ခွင့်ပြုပေးထားကြောင်း ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ သိရှိရ
မန္တလေးမြို့ မန်းမြန်မာပလာဇာရှိ ဈေးဆိုင်ခန်းများမှ ပစ္စည်းများ စနစ်တကျ ထုတ်ယူခွင့်ပြု

တနိုင်းမြို့နယ်တွင် ယာယီပျံကျဈေးသည်များအား လက်လုပ်အဝတ်နှာခေါင်းစည်း များပေးအပ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း များ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအဖွဲ့တို့သည် ယနေ့နံနက်(၈)နာရီက တနိုင်းချောင်းဘေးအနီး ယာယီဖွင့်လှစ်ထားသော ပျံကျဈေးတန်းတွင် ရောင်းချနေသော ဈေးသည်များအား လက်လုပ် အဝတ်နှာခေါင်းစည်းများ ပေးဝေခဲ့