ပုဂံညောင်ဦးမြို့ မြင်းကပါရပ်နှင့် တောင်ဘီရွာ ယာယီဈေးများတွင် နှာခေါင်းစည်း(mask) များ နှင့် လက်အိတ်များ မျှဝေခြင်း ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦးမြို့ မြင်းကပါရပ်နှင့် တောင်ဘီရွာ ယာယီဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကူးစက်ပြန့်ပွားမှု မရှိစေရေး နှာခေါင်းစည်း(mask)များ ၊ လက်အိတ်များ မျှဝေခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေး ဟောပြောခြင်းတို့ကို ယနေ့ နံနက် ၇ နာရီက ခရိုင်/မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ ရက်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ရပ်ကျေး အမျိုးသမီး အဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရ







