မောက်မယ်မြို့နယ် ကဒူးကြီး ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းလုပ်ငန်းခွဲပေါင်း(၁၄)ခု အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်  မောက်မယ်မြို့နယ်တွင် ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနတို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော လူထု ဗဟိုပြု စီမံကိန်း (ဒုတိယနှစ်)စက်ဝန်းတွင်  ထောက်ပံ့ရံပုံငွေ ကျပ်သိန်း (၇၅၀)ဖြင့် ကဒူးကြီးကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာပေါင်း (၂၃)ရွာ၌ လုပ်ငန်းခွဲပေါင်း (၁၄)ခုအား ဆောင်ရွက်လျှက်ရှိရာ အရည်းအသွေး စံချိန်စံညွှန်း ပြည့်မီရေးအတွက် စီမံကိန်းတာဝန်ခံ ဉီးဝန်းမြတ်သူ နှင့် သတင်းပြန်ကြားရေးတာဝန်ခံ ဒေါ်အိအိမွန်တို့က ကျေးရွာကော်မတီဝင်များ ၊ ဒေသခံများနှင့်တွေ့ဆုံပြီး စီမံကိန်း လုပ်ငန်း ဆောင်ရွက်မှု များနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခြင်း ၊ စီမံကိန်း လုပ်ငန်းခွဲများကို ကွင်းဆင်း စစ်ဆေးခြင်း များကို ဆောင်ရွက်လျက်ရှိကြောင်း သိရ
 (၇၄) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် စိန့်အလွိုက်ရှက်(စ်) မသန်စွမ်း မိဘမဲ့ဂေဟာသို့ အလှူငွေနှင့် ရေသန့်လှူဒါန်း
ကျောက်မဲခရိုင်  နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၄)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် စိန့်အလွိုက်ရှက်(စ်) မသန်စွမ်းမိဘမဲ့ဂေဟာသို့ အလှူငွေနှင့် ရေသန့်ကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရ
မယ်စဲ့မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအား ယနေ့နံနက်၉နာရီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ မြို့နယ်တည်ဆောက်ရေး နှင့်အရည်အသွေးစစ်ဆေးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ
ဟိုပုံးမြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ သိန်း(၁၀၀၀) ဒုတိယ အရစ်ပေးအပ်

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ငွေကျပ်သိန်း(၅၀) လာရောက်လှူဒါန်း
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် လိုအပ်သည်များ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ငွေကျပ် သိန်း (၅၀) လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်(GTI) Quarantine Center တွင် လာရောက်လှူဒါန်းခဲ့
ကွမ်းခြံကုန်းမြို့တွင် (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

(၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ ဂုဏ်ပြုသောအားဖြင့် ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးသို့ သွေးလှူခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်
၂၀၂၀ ပြည့်နှစ် မေလ(၅)ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသော အားဖြင့် ချင်းပြည်နယ် မီးသတ်ဦးစီးဌာန၊ ခေတ္တပြည်နယ်မှူး ဦးကျော်ကျော် ဦးဆောင်လျက် ဟားခါးခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွေး၊ ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသျှန်နွန်မောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မေလ ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲက ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံကြီးအတွက် လိုအပ်လျက်ရှိသော သွေးလှူခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရ