မိုင်းပျဉ်းမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၆)လုံး တို့တွင် ခေါင်မိုးများပျက်စီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ဝမ်ဖြစ်ကျေးရွာအုပ်စု ဝမ်ဖျန်းကျေးရွာတွင် မေ ၄ ရက် နံနက် ၆ နာရီက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်၍ ဘုန်းတော်ကြီး ကျောင်း (၁)ကျောင်းနှင့် လူနေအိမ်(၆)လုံးတို့တွင် ခေါင်မိုးများ ပျက်စီးခဲ့ကြကြောင်း သိရ
မကွေးတိုင်းအတွင်း ဆောင်ရွက်ရန်လိုအပ်သည့် စီမံကိန်းများအား ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေ ၂၄ ဘီလီယံကျော် အသုံးပြုဆောင်ရွက်မည်
တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် တိုင်းစိုက်ပျိုးရေးဦးစီးဌာန နှင့် e-Government အကြံပေးပညာရှင်တို့၏ အဆိုပြုချက်အရ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ရန်လိုအပ်သည့် စီမံကိန်းများအား ကမ္ဘာ့ဘဏ် ထောက်ပံ့ငွေ ၂၄၁၃၀.၆၂၅ သန်း( ၂၄ ဒသမ ၁၃၀ ဘီလီယံ) ဖြင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံမှ သိရ
မိုင်းဖြတ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဆင်းဧကရီ(၃) မျိုးသန့်စပါးများဖြန့်ဖြူးပေးလျက်ရှိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်  မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများ  ပူးပေါင်း၍ ၂၀၂၀-၂၀၂၁ မိုးစပါးစိုက်ရာသီတွင် မြို့နယ် အတွင်းရှိ စပါးစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်များ ပြောင်းလည်းစိုက်ပျိုးနိုင်ရေးအတွက် ဆင်းဧကရီ -၃ မျိုးသန့် မျိုးစေ့များကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း မေလ ၅ရက်နေ့က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရ
လှိုင်းဘွဲ - ကြာအင်း သံကူကွန်ကရစ်တံတား (၇၀)ရာခိုင်နှုန်းခန့် ဆောက်လုပ်ပြီးစီး
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် သွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် ဂျပန်နိုင်ငံမှ အလှူရှင်များနှင့် ကျေးရွာပြည်သူတို့ ပူးပေါင်း၍ သံကူကွန်ကရစ် တံတားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ဆောက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်  ဇွန်လ ပထမပတ်တွင်  ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဦးစီးအရာရှိ ဦးမြင့်ကို ထံမှ သိရှိရ
လှိုင်းဘွဲမြို့နယ် ယာယီပျံကျဈေးအတွင်းရှိ ဈေးရောင်းချသူများအား FACE SHIELD နှင် MASK များ သွားရောက်လှူဒါန်း
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ယာယီပျံကျဈေးအတွင်း ဈေးရောင်းချနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် FACE SHIELD နှင့် MASK များကို လှူဒါန်းခဲ့ကြောင်း သိရ
မိုင်းပန်မြို့နယ်တွင် နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်၍ သွားလာကြစေရန် အသိပေး
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယာယီ(ပျံကျ)ဈေး၊ မြို့မဈေး အတွင်းနှင့် မြို့မဈေးရှေ့တို့တွင် ဖြတ်သန်းသွားလာသူများ၊ ဈေးအတွင်းသို့ဝင်ရောက်သူများ အနေဖြင့် ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်း ရှိမရှိကို မိုင်းပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းတွင် စစ်ဆေးအသိပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရ
ကျောမြို့၌  သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ပိုးလောက်လန်းများ ရှာဖွေစစ်ဆေးခြင်း ဆောင်ရွက်
ဂန့်ဂေါခရိုင် ကျောမြို့ဒေသအတွင်း မိုးဦးကျရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ရေးအတွက် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်း ပိုးလောက်လန်းရှာဖွေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့