ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန် မုဒုံမြို့နယ် ဆံတော်ရှင်ကန်ကြီး စေတီတော် ပရဝုဏ်အတွင်း နှစ်စဉ်ကျင်းပသည့် “ ဗုဒ္ဓနေ့” အခမ်းအနားကျင်းပခြင်းမရှိ
မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်ရှိ ကန်ကြီးစေတီတော် ပရဝုဏ်အတွင်း ကဆုန်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ဗုဒ္ဓနေ့ အခမ်းအနားနှင့် ကဆုန်လ ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်မည် မဟုတ်ဘဲ စေတီပရဝုဏ်အား ယာယီပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။







