တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများလှူဒါန်း

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ဦးဆောင်ကာ ပိုးလမ်းမတစ်လျှောက် အရပ်ဖက်အဖွဲ့အစည်းများ လက်တွဲပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် တစ်ကိုယ်ရေကာကွယ်ရေး ဝတ်စုံ(PPE)နှင့် နှာခေါင်းစည်း အပါအဝင် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနသို့ လှူဒါန်းသည့် အစီအစဉ်ကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂) ၌ ပြုလုပ်သည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ အစိုးရကိုယ်စားလှယ်များနှင့် NCA-S EAO ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၊ မေ (၈) တွင် နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံနိုင်ရန်စီစဉ်လျက်ရှိ
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ညှိနှိုင်း ပူးပေါင်းရေးကော်မတီနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ကျင်းပသည်။ 
ရခိုင်ပြည်နယ်ရှိ IDPs စခန်းများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်ရှိ IDPs စခန်းများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပြည်သူများအတွက် ကမ္ဘောဇဘဏ်က ဆန်အိတ် ၁၀၀၀ လှူဒါန်း

မိုးရာသီကာလတွင် အဖြစ်များသော ရောဂါများကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးစီမံချက်လုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်ရေး Video Conferencing အစည်းအဝေးကျင်းပ 
မိုးရာသီကာလတွင် အဖြစ်များသောရောဂါများ ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးစီမံချက်လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်ရေး Video Conferencing အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရန် အိန္ဒိယနိုင်ငံအစိုးရနှင့် ပြည်သူများက ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများလှူဒါန်း
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် ပြည်သူများက ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ လှူဒါန်းခြင်း အစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သည်။ 
ပူတာအိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးပိုစတာများ ဖြန့်ဝေ
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးပိုစတာများ ကျေးရွာအရောက် ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။