ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ IDPစခန်းများနှင့် ယာယီတိုက်ပွဲရှောင် စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
နေပြည်တော်စည်ပင်ဘဏ်လီမိတက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး ကျင်းပခြင်းနှင့် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် အမည်ပြောင်းခြင်း အခမ်းအနားကျင်းပ
နေပြည်တော်စည်ပင်ဘဏ်လီမိတက်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်စည်ပင်ဘဏ်လီမိတက်၏ အစုရှယ်ယာရာနှုန်းပြည့် ထည့်ဝင်ထားသည့် အစု ရှယ်ယာရှင်ဖြစ်သော နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ညောင်ဦးမြို့နယ်၌ (GAP)စနစ်ဖြင့် စိုက်ပျိုးထားရှိသည့် မိုးကြိုပဲတီစိမ်းစံပြကွက်နှင့် ခေါင်နှံမျိုးပွား နွေစပါးစံပြကွက်စိုက်ခင်းအား ကွင်းဆင်းစစ်ဆေး
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း တောင်သူများ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးအတွက် (GAP)စနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ထားသည့် မိုးကြိုပဲတီစိမ်း စံပြကွက်နှင့် ခေါင်နှံမျိုးပွား နွေစပါးစံပြကွက်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု ရှိ မရှိကို ယနေ့ နံနက် ၇ နာရီက ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နေရာအချို့၌ မေ ၁၀ ရက်တွင် လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်မည်
ကျောက်ကြီးကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ ကျန်းမာရေး အထောက်အကူပစ္စည်းနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိ
COVID-19 Pandemic အတွက် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီအနေဖြင့် စေတနာရှင်၊ အလှူရှင်များက လှူဒါန်းထားသည့် အလှူငွေ၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများ၊ ကျန်းမာရေး စောင့်ကြည့်စခန်းများနှင့် ပရဟိတအဖွဲ့များ၊ ဌာနဆိုင်ရာများထံသို့ ထောက်ပံ့ပေးလျက်ရှိသည်။
ခင်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် 
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြနန္ဒာရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မေ ၉ ရက် နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့သည်။