ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက်  ညောင်ရွှေမြို့နယ်အတွင်း အဓိကဝင် ရောက်နိုင်သည့် နေရာ ၆ ခုတွင် ကျန်းမာရေးစစ်ဆေးခြင်း နှင့် အသိပညာပေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။
အင်းစိန်မြို့နယ် အောင်ဆန်း  ဈေးသူ/ဈေးသားနှင့် ဈေးဝယ်သူများကို အဝတ်နှာခေါင်းစည်းများ ဖြန့်ဝေ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းဈေးတွင် ယနေ့နံနက် ၇နာရီခွဲက ဈေးအတွင်း အရောင်းအဝယ် ပြုလုပ်လျက်ရှိသည့် ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်သူများကို အဝတ်နှာခေါင်းစည်း ၃၀၀ ခု ဖြန့်ဝေပေးခဲ့သည်။
စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ဒုတိယအသုတ်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

ဖာပွန်မြို့တွင် သောက်သုံးရေအခက်အခဲရှိသော နေရာများသို့ ရေသွားရောက်လှူဒါန်း
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေ အခက်အခဲရှိသော နေရာများသို့ သောက်သုံးရေ သွားရောက်လှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်က မဲသလွတ်ကျေးရွာ၌ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရ
မြိတ်မြို့  အသွားအလာများသည့် နေရာ(၄)နေရာတွင် နှာခေါင်းစည်း မတပ်ဆင်ဘဲ ဖြတ်သန်းသွားလာ သူများအား သွားလာခွင့်မပြု  
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် မြိတ်မြို့ရှိ ပြည်သူလူထုအားလုံး အပြင်ထွက်ပါက နှာခေါင်း စည်းတပ်ဆင်သွားလာကြစေရန်အတွက် မေလ(၉)ရက် နံနက်ပိုင်း၌ အသွားအလာများသည့် နေရာ (၄)နေရာတွင် နှာခေါင်းစည်း မတပ်ဆင်ထားသူများကို စစ်ဆေးရေးအဖွဲ့များက သွားလာခွင့်မပြုဘဲ ပညာပေး၍ လှည့်ပြန်စေ ကာ နှာခေါင်းစည်း ပြန်လှည့်၍ တပ်ဆင်စေလျက်ရှိ
မွန်ပြည်နယ်အတွင်းရှိဈေးများတွင် နှာခေါင်းစည်း(Mask) မတပ်ပါက ဒဏ်ငွေပေးဆောင်ရမည်
မွန်ပြည်နယ်အတွင်းရှိ ဈေးများတွင် မေ ၉ ရက်နံနက်မှစ၍ နှာခေါင်းစည်း (Mask)   မတပ်ဘဲဈေး ရောင်း ဈေးဝယ် ပြုလုပ်ပါက ဒဏ်ငွေ  (၁၀ဝ၀ဝ) ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့်၊ ပြည်သူများအား ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ဈေးရောင်းဈေးဝယ်ကြရာတွင် mask မတပ်ထားလျှင် ဈေးအတွင်းသို့ ဝင်ထွက်သွားလာခွင့် မပြုကြောင်း သိရ
ထန်းတပင်မြို့နယ်၌ တောင်သူ ၁၅၀ အား ဆင်းသုခနှင့်ဧရာမင်း မျိုးကောင်းမျိုးသန့် စပါးမျိုးများ အား ဖြန့်ဝေပေးသွားမည်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၀-၂၀၂၁ခုနှစ် မိုးစပါးသီးနှံများကို တောင်သူ များစိုက်ပျိုးရာတွင် အရည်အသွေးကောင်းမွန်သည့် သီးနှံများအထွက်တိုးရေး၊ သီးနှံဝင်ငွေတိုးပွား လာစေရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက်  မှော်ဘီဗဟိုခြံ မှ ရရှိလာသည့် မှတ်ပုံတင် မျိုးကောင်းမျိုးသန့်ဖြစ်သည့် ဆင်းသုခ(၄၉၈)တင်းနှင့်ဧရာမင်း(၂၂၅)တင်း စပါးမျိုးစေ့များကို ကျေးရွာအုပ်စု (၁၆)အုပ်စုရှိ တောင်သူ(၁၅၀)တို့လက်ဝယ်အရောက် ဖြန့်ဝေဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရ