သောက်သုံးရေ အခက်ကြုံနေသည့် ကျေးလက်နေပြည်သူများအား သောက်သုံးရေ သွားရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပံပင်တဲတိုက်ရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရကြောင်း  သိရသဖြင့် ယနေ့  နံနက် ၉ နာရီက ပုဂံမြို့၊ ရတနာဘုံစံတောရ ဓမ္မရိပ်သာကျောင်း ဆရာတော် အရှင်သာဂရ ဦးစီးတည်ထောင်ထားသည့် ဖြူစင်မေတ္တာပရဟိတရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းတို့မှ ပရဟိတ အသင်းသားများအဖွဲ့က ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ  ကြိုတင်ကာကွယ်ရေး အသိပညာပေး 
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး မိုးဦးကာလတွင် ဖြစ်ပွားတက်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် မီးတပ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီ က အဆိုပါမီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်သည်။
မုံရွာမြို့ မဟာဗောဓိတထောင် ဆင်ထိန်းသိမ်းရေးစခန်းရှိ ဆင်များသို့ ဆင်စာများ လှူဒါန်း
မုံရွာမြို့၊ ခတ္တကန်တောင်ကျေးရွာ ဗောဓိတထောင် ဆင်ထိန်းသိမ်းရေးစခန်းရှိ ဆင်များအတွက် မုံရွာမြို့ အိမ်ခြံမြေဝန်ဆောင်မှု အသင်းမှ ယနေ့ နံနက်ပိုင်းတွင် ဆင်စာများ လာရောက်လှူဒါန်းခဲ့ကြောင်း ဗောဓိတထောင် ဆင်ထိန်းသိမ်းရေးစခန်းတာဝန်ခံ မုံရွာသစ်ထုတ်ရေးဒေသ လက်ထောက် မန်နေဂျာ ဦးသက်ဆွေအောင်၏ ပြောကြားချက်အရ သိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ စိုင်မြစ်ကျေးရွာတွင် မီးဘေးသင့် ကျေးရွာပြည်သူများထံ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ စိုင်မြစ်ကျေးရွာတွင် မေ ၈ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ   လူဦးရေ (၁၈၁)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့သည်။  
မကွေးပရဟိတက မကွေးအခြေစိုက် သတင်းထောက် ၁၀ ဦးအတွက် ဆန်နှင့်ပစ္စည်းများ ထောက်ပံ့
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ၌ အထောက်အပံ့တစ်ရပ် ဖြစ်စေရန် မကွေးပရဟိတ အဖွဲ့က မကွေးအခြေစိုက် သတင်းထောက် (၁၀) ဦးအတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း စုစုပေါင်း (၁၀) မျိုးကို ယနေ့နံနက်ပိုင်းက ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
သီရိမင်္ဂလာဈေးရှိ ပျံကျ ဈေးသည်များ၊ အလုပ်ကြမ်း/ ကုန်ထမ်းလုပ်သားများအား ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြွက်သွန်  ထောက်ပံ့လှူဒါန်း
ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် ပိတောက်ချောင်းနယ်မြေရှိ သီရိမင်္ဂလာဈေးသစ်အတွင်း ပျံကျ ဈေးသည်များ၊ ခေါင်ရွက်ဗျပ်ထိုး၊ အလုပ်ကြမ်း/ ကုန်ထမ်းလုပ်သား ၅၀၀ ဦးအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်  ယနေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် အမှတ် ၂ ရပ်ကွက် ညီညွတ်ရေးလမ်း၌ အခြေပြုလျက် ကောက်ရိုးနွယ် လူမှုအကျိုးပြုအဖွဲ့မှ  တစ်ဦးလျှင်ဆန် နှစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်ထုပ်၊ အချိုမှုန့် စသည့် တန်ဖိုးကျပ် ၄၀၀၀ နီးပါးခန့်ရှိ မီးဖိုချောင်သုံးရိက္ခာများ ထောက်ပံ့ဝေငှခဲ့ကြောင်း သိရသည်။