ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများအားလက်ခံ

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့် အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ မွန်းလွဲပိုင်းတွင် အလှူရှင်များ၏ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လှူဒါန်းမှုများအား နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစည်းဝေးခန်းမ၌ လက်ခံသည်။
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာလအတွင်း လမ်း၊ တံတား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများအား Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်မှ လုပ်ငန်းဆောင်ရွက်နေသည့် စီမံကိန်းနေရာများနှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေ၊ မိုးဦးကာလရောက်ရှိပြီဖြစ်၍ သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်း အစီအမံများ၊ ကိုဗစ်-၁၉ အလွန် လမ်းပန်းဆက်သွယ်က ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို သက်ဆိုင်ရာပြည်နယ်အလိုက် Power Point ဖြင့် ရှင်းလင်းတင်ပြမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ Kookmin Bank နှင့် BOC’s partner, SK Energy and Sk Trading International တို့မှ (COVID-19) Test Kits နှင့် VTM များ ပေးအပ်လှူဒါန်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက် Kookmin Bank နှင့် BOC’s partner, SK Energy and Sk Trading International တို့မှ (COVID-19) Test Kits နှင့် Viral Transport Medium (VTM) များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ 
ပိတ်စဖြင့်ချုပ်သည့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
စစ်ကိုင်းတိုင်းဒေသကြီး၊   ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင်  ယနေ့ နံနက်ပိုင်းက  ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေးနှင့်   ထိန်းချုပ်နိုင်ရေးအတွက်    မြို့ပေါ်‌ဈေးများရှိ   ဈေးရောင်းချနေသူများကို  ပြည်တွင်းဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။  နှာခေါင်းစည်းများကို  စေတနာရှင်ပြည်သူများ၏   လှူဒါန်းမှုဖြင့်  ပိတ်စများဝယ်ယူကာ   စက်ချုပ်ဆိုင်များမှ  အခမဲ့လုပ်အားဒါနဖြင့် ချုပ်လုပ်ပေးခြင်းဖြစ်ကြောင်း ပိတောက်မြိုင်ရပ်ကွက်နေ ဒေါ်နွေးယုယုဇော်မှ ပြောကြားပါသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မုဒုံမြို့နယ်အတွင်းရှိ ချောင်း၊ မြောင်းများ တူးဖော်နေမှု ကြည့်ရှုစစ်ဆေး
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အဖွဲ့သည် ယနေ့ နံနက် ၉ နာရီက မုဒုံမြို့နယ်အတွင်းရှိ ချောင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်းစေရေ တူးဖော်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မက်မန်းမြို့နယ် ပညာရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက် လျက်ရှိသော အ.ထ.ကကျောင်းဆောင်သစ် ၂ ထပ်ဆောင်နှင့် ပညာရေးဝန်ထမ်းအိမ်ရာ ၂ ခုကို ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် တည်ဆောက်လျက်ရှိသော နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (အောင်ပန်း) ၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား မေ ၈ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။