ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ည ၉ နာရီ သတင်းထုတ်ပြန်ချက်

(၉-၅-၂၀၂၀) ရက်နေ့၊ ည (၉:၀၀)နာရီ

 

အမျိုးသမီးကလပ်နှင့် ဖူဆယ်ကလပ်အသင်းများမှ နည်းပြနှင့် ကစားသမားများကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီဖောင်ဒေးရှင်းက ထောက်ပံ့
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီဖောင်ဒေးရှင်းသည် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် ကာလအတွင်း အမျိုးသမီးဘောလုံးကလပ် အသင်းများနှင့် ဖူဆယ်ကလပ်အသင်းများမှ နည်းပြနှင့် ကစားသမားများအတွက် ဆန်နှင့် အစားအသောက်များ လှူဒါန်းခြင်းကို မေ ၈ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ အကြံပေး ဦးဘန်နီတင်အောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ အလုပ်အမှုဆောင်များဖြစ်သည့် ဒေါက်တာရဲမွန်ထွဋ် (ဖူဆယ်ကော်မတီ)၊ ဦးတင်မြင့်အောင် (နည်းပြကော်မတီ)၊ ဒေါ်မြတ်မြတ်ဦး (အမျိုးသမီးဘောလုံးကော်မတီ) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ထန်းသကြား၊ ထန်းလျက်မှုန့်များကို စက်ဖြင့် ထုတ်လုပ်တော့မည်
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကြက်ဆူကျင်းကျေးရွာတွင် ဒိန်းမတ်နိုင်ငံ Responsible Business Fund ၏ ပံ့ပိုးမှုဖြင့် 555 Shwe Hintha company limited က ထန်းသကြား၊ ထန်းလျက်မှုန့်တို့ကို မေလ၁၅ရက်‌ကျော်မှစ၍ စက်အကူဖြင့် ထုတ်လုပ်တော့မည်ဟု သိရသည်။ 
ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ (နေ့စား)ဆည်/ရေလုပ်သား ၁၂၂ ဦးအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နေ့စားခန့်ထားသော ဆည်/ရေလုပ်သား (ဝန်ထမ်း) ၁၂၂ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် စားဝတ်နေရေး အဆင်ပြေ စေရေးအတွက် မေ ၈ ရက်က ဆန်၊ ဆီ၊ ကြက်သွန် စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန် ပျက်စီးသွားသော မိသားစုများအား ထောက်ပံ့ငွေပေးအပ်
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် မေ  ၈  ရက်နေ့က မိုးရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့မှုကြောင့် အမိုးလန်ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအတွက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့ ညနေတွင် လောပိတကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။