စလင်းမြို့နယ် ကြက်သကိုင်ကျေးရွာ ကုန်ထုတ်လမ်းနှင့် တံတားနှစ်စင်း တည်ဆောက်မှု ၅၀ ရာခိုင်နှုန်း ပြီးစီး
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖောက်လုပ်ပေးသော ကြက်သကိုင်ကျေးရွာ ကုန်ထုတ်လမ်းနှင့် ယင်းကုန်ထုတ် လမ်းပေါ်ရှိ တံတားနှစ်စင်းကို ယခုနှစ် နိုဝင်ဘာလက စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရ