ရွှေဘိုမြို့တွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ခြင်းနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့) သင်တန်းဆင်းပွဲကျင်းပ

ရွှေဘို ၂၇ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ခြင်းနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီက ရွှေဘို မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပသည်။

 

a

 

ရှေးဦးစွာ ရွှေဘိုခရိုင် လူမှုဝန်ထမ်းရုံး၊ လက်ထောက်ညွှန်ကြားရေးမှူ ဒေါ်နွယ်နွယ်အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းဇော်၊ ရွှေဘိုမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ထားထားအေးနှင့် ရွှေဘိုမူလတန်းကြိုကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မိုးဖြူတို့မှ သင်တန်းသူ/ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသူ/ သင်တန်းသားများမှ ကဗျာ၊ သီးချင်း၊ ပုံပြင်တို့ဖြင့် ဖျော်ဖြေခဲ့ပြီး ကျေးဇူးတင်သီခြင်းဖြင့်နှု တ်ဆက်ဂါဝရပြုခဲ့သည်။

 

a

 

အဆိုပါသင်တန်းကို (၂၁)ရက်တိတိ ကလေးငယ်များ၏ အကူးအပြောင်း ကာလအကြောင်း၊ ကျန်းမာရေးနှင့် အာဟာရ၊ အခြေခံပန်းချီ၊ ပုံပြင်ပြောနည်းများ၊ ကစားခြင်းမှ သင်ယူခြင်း၊ တေးဂီတဖြင့် သင်ကြားခြင်းနှင့် ရှေးဦးသူနာပြုစုခြင်းတို့ကို အခမဲ့သင်တန်းပို့ချခဲ့ပြီး သင်တန်းသူ/ သင်တန်းသား (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

a

 

ထွန်းမြင့်အောင်(ရွှေဘို)