ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးနှင့်အဖွဲ့ မအူပင်အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး

မအူပင် ၂၇ ဒီဇင်ဘာ

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီက မအူပင် အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးရာ အကျဉ်းထောင်တာဝန်ခံ ဦးဌေးဝင်း(ဦးစီးအရာရှိ)က အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ တရားသူကြီး ဦးမျိုးတင့်နှင့် တာဝန်ရှိသူများသည် အကျဉ်းထောင်အတွင်း အကျဉ်းသားများ နေထိုင်သည့် အဆောင်များသို့ လှည့်လည်ကြည့်ရှုပြီး အကျဉ်းသား၊ အချုပ်သားများ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိခြင်းရှိ/မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှုရှိ/မရှိ၊ ကျန်းမာရေးမကောင်းပါက ဆေးကုသခွင့်ရ/မရ အခြေအနေများကို မေးမြန်းကြည့်ရှုစစ်ဆေးပြီး စာဖိုးဆောင်နှင့် ဆေးခန်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

 

၎င်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်သည် မအူပင်ခရိုင် တရားရုံးတွင် မအူပင်ခရိုင်နှင့် ခရိုင်အတွင်းရှိ တရားရေးဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။     

အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)