စံပြသင်တန်းသားဆု ရရှိသူအား ပြည်နယ်ဝန်ကြီးချုပ်မှ ဂုဏ်ပြုဆု‌ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

လွိုင်ကော် ၂၇ ဒီဇင်ဘာ 

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က ဒီဇင်ဘာ ၂၇ ရက် နံနက် ၈ နာရီက ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည်၌ ဖွင့်လှစ်ခဲ့သည့် အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ်(၇၇)သို့ တက်ရောက်ခဲ့သည့် ဒီးမော့ဆိုမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ “စံပြသင်တန်းသားဆု” ရရှိခဲ့သူ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အေးမြင့်သူအား ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေကျပ် (၂)သိန်း ချီးမြှင့်ပေးအပ်ခဲ့ပြီး ဂုဏ်ပြုဆုရရှိသူမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

a

 


ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ ထူးချွန်ထက်မြက်ရေး၊ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရေး၊ နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးအတွက် အစဉ်ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

a

 


လွိုင်ကော်သား