၂၆ မတ်
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါကူးစက်ခံရသူပေါင်း ၆၈,၅၇၂ ဦးရှိလာပြီး သေဆုံးသူ ၁,ဝ၃၁ ဦး ရှိကြောင်း ဂျွန်ဟော့ကင်းစ် တက္ကသိုလ်ရဲ့ သုတေသန ထုတ်ပြန်ချက်အရ သိရပါတယ်။ သုတေသန မထုတ်ပြန်မီ အချိန်အနည်းငယ်အစောပိုင်းမှာ သေဆုံးသူဟာ ၈၂၇ ဦးသာရှိကြောင်း တွေ့ရပါတယ်။