အစ္စရေးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ၄၃၉ ဦးရှိလာ

၂၆ မတ်

အစ္စရေးနိုင်ငံတွင် ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ အရေအတွက် ၄၃၉ ဦး ရှိသဖြင့် ကူးစက်ခံရသူ စုစုပေါင်း ၂၃၆၉ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် ၃၉၂ ဦး ကုသမှုခံယူနေပြီး ၎င်းတို့အနက် ၃၉ ဦးမှာ အခြေအနေစိုးရိမ်ရပြီး ၆၄ ဦးမှာ အခြေအနေသိပ်မဆိုးကြောင်း ဖော်ပြထားသည်။

ရောဂါကူးစက်ခံရသူ အရေအတွက် ၁၉၇၇ ရှိသည့်အနက် ငါးဦး သေဆုံးခဲ့ပြီး ၁၀၅၈ ဦးကို နေအိမ်တွင် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခဲ့ကြောင်း၊ ၆၄ ဦးမှာ ပြန်လည်ကောင်းမွန်လာပြီး ကျန်ရှိသည့် ၅၆၉ ဦး သည် နေအိမ်၊ ဟိုတယ်နှင့်ဆေးရုံများတွင် ကုသမှုခံယူရမည် ဖြစ်ကြောင်း မကြာမီချမှတ်မည့် ဆုံးဖြတ်ချက်များအရ သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို