အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၁၀ဝ၀ ကျော် နဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၇၀ဝ၀ နီးပါးဖြစ်လာကြောင်း သိရ

၂၆ မတ်

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါကူးစက်ခံရသူပေါင်း ၆၈,၅၇၂ ဦးရှိလာပြီး သေဆုံးသူ ၁,ဝ၃၁ ဦး ရှိကြောင်း ဂျွန်ဟော့ကင်းစ် တက္ကသိုလ်ရဲ့ သုတေသန ထုတ်ပြန်ချက်အရ သိရပါတယ်။  သုတေသန မထုတ်ပြန်မီ အချိန်အနည်းငယ်အစောပိုင်းမှာ သေဆုံးသူဟာ ၈၂၇ ဦးသာရှိကြောင်း တွေ့ရပါတယ်။ 

အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့ အီတလီနိုင်ငံပြီးရင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ တတိယမြောက် အများဆုံး ဖြစ်လာကို တွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးနှုန်းဟာ ၁.၅ ရာခိုင်နှုန်း အထိရှိလာကြောင်း သိရပါတယ်။ 

ရောဂါပိုး ကူးစက်ခံရသူ အရေအတွက်ဟာ ထုတ်ပြန်နိုင်တဲ့အရေအတွက် ပိုများမယ်လို့ ယုံကြည်တဲ့အတွက် သေဆုံးနှုန်းရာခိုင်နှုန်းက ထုတ်ပြန်ချက်ထက် နည်းနိုင်ကြောင်း ဆိုပါတယ်။ 

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်ဟာ ဗိုင်းရပ်စ်ပိုးဒဏ်ခံရဆုံး ပြည်နယ်ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် COVID 19 ကြောင့် သေဆုံးသူဟာ နယူးယောက် တစ်ခုတည်းမှာ  ၂၈၀ ဦး ရှိပါတယ်။ 

MDN
ကိုးကား - AFP