ပီရူးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ကိုးဦး ရှိလာ

၂၆ မတ်

ပီရူးနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ထပ်မံသေဆုံးသူ နှစ်ဦးရှိသဖြင့် သေဆုံးသူ စုစုပေါင်း ကိုးဦးရှိလာကြောင်းနှင့် ကူးစက်ခံရသူအရေအတွက် ၄၈၀ ရှိပြီ ဖြစ်ကြောင်း ပီရူးကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

 

နောက်ဆုံးသေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ ဆီးချိုရောဂါအခံရှိသော အသက် ၇၆ နှစ်အရွယ် မက္ကဆီကိုအမျိုးသားတစ်ဦး ဖြစ်သည်။

 

အခြားတစ်ဦးမှာလည်း ဆီးချိုရောဂါ ခံစားနေရသော အသက် ၉၄ နှစ်အရွယ် ပီရူးနိုင်ငံသားတစ်ဦး ဖြစ်သည်။

 

အဆိုပါ ကပ်ရောဂါထိန်းချုပ်ရန်အတွက် အရေးပေါ်အခြေအနေတစ်ရပ်ကို ပီရူးနိုင်ငံက ထုတ်ပြန်ကြေညာခဲ့သည်။

 

ပီရူးအစိုးရသည် အများပြည်သူများအကြား လှုပ်ရှားသွားလာမှုကို ကန့်သတ်ရန် ည ၈ နာရီမှ မနက် ၅ နာရီ အထိ ညမထွက်ရ အမိန့်ကို မတ်လ ၃၀ ရက်နေ့အထိ ချမှတ်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို