ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကြောင့် အမေရိကန်မှာ သေနတ်ဝယ်ယူသူ များပြားလာ

၂၆ မတ်

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ပျံ့နှံ့မှု ပိုမိုများပြားလာတဲ့အတွက် ကပ်ရောဂါ အသွင်ကနေ မငြိမ်မသက်မှု အသွင်ပြောင်းသွားမှာ စိုးရိမ်တဲ့အတွက် လက်နက်ဝယ်ယူမှုများ များပြားလာကြောင်း သိရပါတယ်။

 

အိုကလာဟိုးမားပြည် တူလ်ဆာရှိ လက်နက်ရောင်းဆိုင်မှာ လက်နက်ရောင်းချနိုင်မှုဟာ ၈၀၀ ရာခိုင်နှုန်းအထိ တိုးလာကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘာကို ကြောက်နေကြတယ် ဆိုတာကိုမသိဘူး။ အဲဒါက ကျိုးကြောင်းမညီတာဘူးလို့ ဆိုင်ပိုင်ရှင် ဒေးဗစ် စတုန်းက ပြောပါတယ်။

 

ဝါရှင်တန်ပြည်နယ်ရှိ လင်းဝုဒ်သေနတ်ဆိုင်ပိုင်ရှင်ကလည်း တစ်ဖနီကလည်း သူ့ဆိုင်မဖွင့်ခင် တစ်နာရီလောက်ကတည်းက လက်နက်ဝယ်ဖို့လူတွေ တန်းစီနေတာကို တွေ့ရကြောင်း၊‌ သေနတ်အလက် ၂၀၊ ၂၅ လက်နက် ရောင်းရခဲ့ရင် အရောင်းကျတဲ့ နေ့လို့ အရင်က ပြောခဲ့ပေမယ့် အခုတော့ တစ်နေ့ကို အလက်ပေါင်း ၁၅၀ အထိ ရောင်းရကြောင်း ပြောပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ် လက်နက်တွေဟာ အွန်လိုင်းကရော ဆိုင်မှာပါ ရောင်းရလွန်းတာက မီးပုံပေါ် ရေနံဆီလောင်းချလိုက်သလိုဘဲ။ လူတွေက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ဝယ်နေကြတာဖြစ်တယ် အလုပ်တွေပိတ်လိုက်တဲ့အတွက် လုယက်မှုကို စိုးရိမ်တဲ့အတွက်ပါလို့   ဈေးကွက်ဒါရိုက်တာ ဂျော်ဒန် မက်ကော်မစ် က ပြောပါတယ်။

MDN

ကိုးကား - AFP