ကမ္ဘာတစ်ဝန်းက ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်တဲ့  မတ် ၂၆ ရက်နေ့တွင် ရရှိသော နောက်ဆုံးရ သတင်းများ

၂၆  မတ်

ကိုရိုနာ COVID-19 ဗိုင်းရပ်စ်နဲ့ပတ်သတ်တဲ့ နောက်ဆုံးရသတင်းများကို စုစည်းတင်ပြသွားမှာ ဖြစ်ပါတယ်။

 

-ကမ္ဘာကြီး ပိတ်လှောင်နေ -

နိုင်ငံ/ဒေသပေါင်း ၇၀ နီးပါးက အိမ်ထဲမှာဘဲ နေထိုင်ရန် ပြောဆိုထားတဲ့အတွက် လူပေါင်း သုံးဘီလီယံ ဟာ  ကိုရိုနာဗိုင်းရပ်စ် COVID- 19 ရောဂါပိုး ကူးစက်ခံရမှာ စိုးရိမ်တဲ့အတွက် အိမ်တွင်းမှာဘဲ ရှိနေကြရပါတယ်။

  • အိန္ဒိယနိုင်ငံက လူဉီးရေ  ၁.၃ ဘီလီယံဟာ ဗုဒ္ဓဟူးနေ့က စပြီး ရက်ပေါင်း ၂၁ ရက် အိမ့်အပြင်မထွက် နေကြရမှာ ဖြစ်ပါတယ်။

 

  • ရုရှားနိုင်ငံမှာလည်း နိုင်ငံသားတွေ ကို မတ် ၂၈ မှစပြီး ဧပြီ ၅ ရက်အထိ အိမ်တွင်းမှာဘဲ ရှိနေရန် သမ္မတ ပူတင်က ပြောကြားလိုက်သလို ဧပြီ ၂၂ ရက်နေ့မှာ မဲပေးဖို့ စီစဉ်ထားတဲ့  ဖွဲ့စည်းပုံပြင်ဆင်ရေး ကို လည်း ရွှေ့ဆိုင်းလိုက်ပါတယ်။

 

  • ဆော်ဒီအာရေဗီးယားနိုင်ငံ မက္ကာ နဲ့ မက်ဒီနာ မြို့တွေမှာ ကာဖျူး သတ်မှတ်ချိန်တေွကို  တိုးမြှင့်လိုက်ပေမယ့် မြို့တော် ရီယာ့ဒ် မှာရှိတဲ့ ပိတ်ပင်တားဆီး ထားမှုတွေကို ဖျက်သိမ်းလိုက်ပါတယ်။

 

  • အီဂျစ်နိုင်ငံမှာ  ညအချိန် ကာဖျူး သတ်မှတ်ထားတဲ့ သီတင်းနှစ်ပတ် စတင်လိုက်ပြီဖြစ်ပါတယ်။

 

  • အီရန်နိုင်ငံမှာ မတ် ၂၇ သောကြာနေ့ကစပြီး တစ်မြို့နဲ့တစ်မြို့ သွားလာခွင့် ပိတ်ပင်မှာဖြစ်ပါတယ်။

 

- ဗိုင်းရပ်စ်ပိုးကူးစက်မှု ကြောင့် လူပေါင်း ၂၀,၀၀၀ကျော် သေဆုံး-

ကိုရိုနာဗိုင်းရပ်စ် COVID 19 ဟာ နိုင်ငံ/ဒေသပေါင်း ၁၉၈ နေရာကို ပျံ့နှံ့သွားတဲ့အတွက်   လူပေါင်း ၄၇၁,၄၁၇ ဦး မှာ ကူးစက်ခံရပြီး လူပေါင်း ၂၁,၂၉၅၉  ဦးသေဆုံးခဲ့ကြောင်း မတ် ၂၆ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ကူးစက်ခံရသူ ၁၁၄,၆၄၂ ဦး ကတော့ ပြန်လည် ကျန်းမာ လာခဲ့ပါတယ်။

  • အီတလီနိုင်ငံတွင် ၇၄,၃၈၆ ဦး မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ၇,၅၀၃ ဦးသေဆုံး ။ ဗုဒ္ဓဟူးနေ့ တစ်ရက်တည်းမှာ လူပေါင်း ၆၈၃ သေဆုံးပြီး ၅,၂၁၀ ဦး ရောဂါပိုးကူးစက်ခံရကြောင် သိရ

 

  • စပိန်နိုင်ငံတွင် ၃,၄၃၄ ဦးသေဆုံးပြီး ၄၇,၆၁၀ ဦး ရောဂါပိုးကူးစက်ခံရကြောင်း သိရ

 

  • တရုတ်နိုင်ငံတွင် ၈၁,၂၈၅ ဦးမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ၃,၂၈၇ ဦးသေဆုံး

 

  • အီရန် ၂,၀၇၇ ဦးသေဆုံး၊ ၂၇,၀၁၇ ဦး ရောဂါပိုးကူးစက်ခံရ

 

  • ပြင်သစ် ၁,၃၃၁ ဦးသေဆုံး ၊ ၂၅,၂၃၃ ဦး ရောဂါပိုးကူးစက်ခံရ

 

  • အမေရိကန် ၁,၀၃၂ ဦး သေဆုံး ၊ ၆၈,၄၂၁ ဦး ရောဂါပိုးကူးစက်ခံရ

 

  • ဗြိတိန် ၄၆၅ ဦး သေဆုံး

 

  • နယ်သာလန် ၃၅၆ ဦး သေဆုံး

 

 

-တရုတ်နိုင်ငံမှ ကျန်းမာရေးဆိုင်ရာပစ္စည်း မှာယူရ-

  • စပိန်နိုင်ငံက တရုတ်နိုင်ငံကနေ ကျန်းမာရေးဆိုင်ရာ ပစ္စည်း အမေရိကန်ဒေါ်လာ ၄၆၇ သန်း ဖိုး ဝယ်ယူမှာဖြစ်ပါတယ်။

 

  • ပြင်သစ်နိုင်ငံကလည်း တရုတ်နိုင်ငံကနေ ကျန်းမာရေးဆိုင်ရာ မျက်နှာဖုံး သန်းချီပြီး မှာယူထား ပြီးဖြစ်ပါတယ်။

 

-အကျဉ်းသားတွေ လွှတ်ပေး-

ဆူဒန် နဲ့ အီသီယိုးပီးယားနိုင်ငံတွေကနေ ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့မှာကို စိုးရိမ်တဲ့အတွက် ထောင်ချီတဲ့ အကျဉ်းသားတွေကို လွှတ်ပေးလိုက်ပါတယ်။

 

-အီစတာပွဲတော် မကျင်းပ-

ကတ်သရစ်ဘာသာဝင်တွေရဲ့ အီစတာပွဲတော်ကို ပရိတ်သတ်တွေ မပါဘဲ ကျင်းပသွားမှာဖြစ်တယ်လို့ ဗာတီကန် က ပြောပါတယ်။ ယူကရိန်းသမ္မတကလည်း ခရစ်ယာန်ဘာသာဝင် အကြီးအကဲတွေကို အွန်လိုင်းကနေ အီစတာ ပွဲတော်စီစဉ်ဖို့ ဆော်ဩလိုက်ပါတယ်။

 

ဖော်ပြပါ အချက်အလက်များဟာ မတ်လ ၂၆ ရက်နေ့တွင် ရရှိသော အချက်အလက်များသာဖြစ်ပါတယ်။

MDN
ကိုးကား - AFP