ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ၌ မီးဘေးလုံခြုံရေးစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြမည့် စာစစ်ဌာနများ၌ မီးလောင်မှု၊ မီးထိတ်လန့်မှုများ မဖြစ်ပေါ်စေရေး မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေး
ထီးလင်းမြို့နယ် ကဇွန်းထောင့်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ရာနှုန်းပြည့်ပြီးစီး

ကသာမြို့နယ်၌  တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အရန်စာစစ်ဌာနများ စီစဉ်ထားရှိ
စာမေးပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကသာမြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်း
ကံမမြို့နယ်မှ ထူးချွန်ဘောလုံးအားကစားသမားအား ဂုဏ်ပြုဆုငွေများပေးအပ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျောက်စောင်း) အဋ္ဌမတန်းတွင် ပညာသင်ကြားလျက်ရှိသည့် ထူးချွန်ဘောလုံးအားကစားသမား မောင်မြင့်နိုင်အား      ဂုဏ်ပြုပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
သံတောင်ကြီးမြို့တွင် စာဖတ်ဝိုင်း ကျင်းပ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန  (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက   စာရေးဆရာဖေမြင့်၏ "မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား" စာအုပ်ဖြင့် women Club အဖွဲ့ဝင်များက စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
လားရှိုး၌ မှုခင်းကျဆင်းရေး ကွင်းဆင်းဟောပြော
မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီက လားရှိုးမြို့မရဲစခန်းမှ တာဝန်ရှိသူများသည် လားရှိုးမြို့တွင် လတ်တလောဖြစ်ပေါ်နေသော မူးယစ်ဆေးဝါးမှုများနှင့်ပတ်သက်၍ မြို့နယ်အတွင်း မှုခင်းကျဆင်းစေရန် အသိပညာပေးခြင်းများကို ယနေ့နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်အုပ်စု၊ လှည်းဆိပ်ကျေးရွာတွင် ကျေးရွာလျှပ်စစ်မီး ဖွင့်လှစ်ပွဲကို ယနေ့နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဉီးဝင်းဌေးနှင့် ကျေးရွာမီးလင်းကော်မတီဉက္ကဋ္ဌ ဉီးတင်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။