ကံမမြို့နယ်မှ ထူးချွန်ဘောလုံးအားကစားသမားအား ဂုဏ်ပြုဆုငွေများပေးအပ်

ကံမ ၇ မတ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျောက်စောင်း) အဋ္ဌမတန်းတွင် ပညာသင်ကြားလျက်ရှိသည့် ထူးချွန်ဘောလုံးအားကစားသမား မောင်မြင့်နိုင်အား      ဂုဏ်ပြုပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ထူးချွန် ဘောလုံးအားကစားသမား မောင်မြင့်နိုင်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ MPT နှင့် Myanmar Care တို့ ပူးပေါင်းစီစဉ်သည့် MFF-MNL’s Youth Development Program (Road to Japan 2020) ဘောလုံးခြေစမ်းလေ့လာရေးခရီးစဉ်အတွက် တစ်နိုင်ငံလုံး ၂၅ ဦး ရွေးချယ်ခဲ့ရာ နောက်တန်းကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)