ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ၌ မီးဘေးလုံခြုံရေးစစ်ဆေး

ဒေးဒရဲ ၇ မတ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြမည့် စာစစ်ဌာနများ၌ မီးလောင်မှု၊ မီးထိတ်လန့်မှုများ မဖြစ်ပေါ်စေရေး မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဌေး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများသို့ သွားရောက်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား သက်ဆိုင်ရာကျောင်းများရှိ ဆရာ၊ ဆရာမများအား ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)