သံတောင်ကြီးမြို့တွင် စာဖတ်ဝိုင်း ကျင်းပ


သံတောင်ကြီး ၇ မတ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန  (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက   စာရေးဆရာဖေမြင့်၏ "မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား" စာအုပ်ဖြင့် women Club အဖွဲ့ဝင်များက စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး နော်လော်မူက အမျိုးသမီး(မိခင်)များသည် အနာဂတ်တွင် ခေါင်းဆောင်ဖြစ်လာမည့်သား၊ သမီးများကို ပြုစုပျိုးထောင်ရာတွင် အဓိက တာဝန်ရှိသည့်သူများဖြစ်သည့်အားလျော်စွာ  မိမိတို့အနေဖြင့်  အသိပညာဗဟုသုတ ရှိရန်လိုအပ်ကြောင်း၊ စာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် သား၊ သမီးများကို နည်းမှန်လမ်းမှန်သွန်သင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်စာရေးဆရာဖေမြင့်၏ "မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြီး women Club(ဥက္ကဋ္ဌ) ဒေါ်နော်ဟဲမူခိုဖာက "သတ္တိရှိစမ်းပါ" ခေါင်းစဉ်ငယ်ဖြင့် လည်းကောင်း၊ women Club(အဖွဲ့ဝင်) ဒေါ်ယွာစေးက "ကြောက်ရမှာတွေးမကြောက်နဲ့" ခေါင်းစဉ်ငယ်ဖြင့်လည်းကောင်း၊ နော်မာရိက "ယုံကြည်စိတ်ရဲ့စွမ်းအား" ခေါင်းစဉ်ငယ်ဖြင့် လည်းကောင်း ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာသော women Club အဖွဲ့ဝင်များက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နော်လော်မူ(ပြန်ဆက်)