ကျေးရွာ (၂၀)တွင်   ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက် 

သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ တွင်  ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာလမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။
ဒလမြို့နယ် ရခိုင်ချောင်ကျေးရွာ၌ နွေရာသီသောက်သုံးရေဖူလုံစေရေး သောက်သုံးရေကန်ကြီး ပြန်လည်တူးဖော်
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ရခိုင်ချောင်ကျေးရွာ၌ နှစ်စဉ်နွေရာသီကာလအတွင်း သောက်သုံးရေကန်များ ခန်းခြောက်လျက်ရှိရာ ဒေသခံပြည်သူများ ရေရှားပါးမှုမှ ကင်းဝေးစေရေးနှင့် သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၏ မတည်လှူဒါန်းမှု၊ ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများမှ စုပေါင်းလှူဒါန်းငွေကျပ် သိန်း ၁၃၀ ဖြင့် ကျေးရွာတောင်ဘက်ခြမ်း၌ သောက်သုံးရေကန်ကြီးအား ပြန်လည်တူးဖော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကွင်းဆင်းတီဘီရောဂါ ရှာဖွေဖော်ထုတ်ကုသပေး
မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် တယ်ဇားအုပ်စုရှိ ကျေးရွာများ ကွင်းဆင်းတီဘီရှာဖွေဖော်ထုတ်ကုသပေးခြင်းကို တယ်ဇားကျေးရွာတွင်  ယနေ့နံနက် ၈ နာရီ အချိန်က အခမဲ့ကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့၌ မုန့်မျိုးစုံပြုလုပ်နည်း သင်တန်းဆင်းပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ ရပ်ရွာအခြေပြု မုန့်မျိုးစုံပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်ရှိ သစ်တောကြိုးဝိုင်းမြေများမှ ပယ်ဖျက်မည့်လယ်မြေ (၆၇.ဝ၂) ဧကအား ကွင်းဆင်းစစ်ဆေး
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ တောင်ခေါင်းကြိုးဝိုင်းနှင့် ချောင်းသဘော့ကြိုးဝိုင်းရှိ လယ်မြေ(၆၇.ဝ၂)ဧကအား သစ်တောကြိုးဝိုင်းမြေမှ ပယ်ဖျက်ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ ၁၃ ရက်က ပူးပေါင်း အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
လူမှုရေးပင်စင်ရရှိသည့် အဖိုးအဖွားထံ ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်
ပဲခူးတိုင်းဒေသကြီး လူမှုဝန်ကြီးဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများသည် မတ်လ ၁၃ ရက် မွန်းလွဲပိုင်းမှ စတင်ကာ ပဲခူးမြို့ မြို့ပေါ်ရပ်ကွက်များရှိ လူမှုရေးပင်စင်ခံစားနေသည့် အဘိုးအဘွားများထံသို့ သွားရောက်ပြီး ထောက်ပံ့ငွေများကိုအိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ဒေးဒရဲမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကဗျာရေးသားနည်းသင်တန်း ဖွင့်လှစ်မည်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အနာဂတ်လူငယ်လူရွယ်များ အသိပညာ ဗဟုသုတတိုးပွားလာစေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အခြေခံကဗျာရေးသားနည်းများအား ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ အလယ်တန်းနှင့် အထက်တန်းအဆင့် အခြေခံကဗျာရေးသားနည်းသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ်လ ၁၆ ရက်နေ့မှ စ၍ အခမဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။