လူမှုရေးပင်စင်ရရှိသည့် အဖိုးအဖွားထံ ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်

ပဲခူး ၁၄ မတ်


ပဲခူးတိုင်းဒေသကြီး လူမှုဝန်ကြီးဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများသည် မတ်လ ၁၃ ရက် မွန်းလွဲပိုင်းမှ စတင်ကာ ပဲခူးမြို့ မြို့ပေါ်ရပ်ကွက်များရှိ လူမှုရေးပင်စင်ခံစားနေသည့် အဘိုးအဘွားများထံသို့ သွားရောက်ပြီး ထောက်ပံ့ငွေများကိုအိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။

 

1

 


ထောက်ပံ့ငွေများပေးအပ်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ လူမှုရေး ပင်စင်ခံစားနေသည့် အဘိုးအဘွားများထံသို့သွားရောက်ပြီး အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ(၃)လအတွက် ခံစားရရှိမည့်ထောက်ပံ့ငွေ(၃)သောင်းကျပ်အား ထောက်ပံ့ပေးအပ်ကြခြင်းဖြစ်သည်။


ပဲခူးမြို့နယ်အတွင်းမှ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ(၃)လအတွက် လူမှုရေးပင်စင်ခံစားရရှိကြမည့်အဘိုး၊ အဘွားများမှာ အဘိုး(၅၄၃)ဦး၊ အဘွား(၁၁၉၉)ဦး၊ စုစုပေါင်း ၁၇၄၂ ဦး ရှိကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)