ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားတွင် ကြက်ခြေနီမှ အခြေခံရှေးဦးပြုစုခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး သင်တန်းဖွင့်လှစ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း နိုင်ငံတစ်ဝန်းမှ ကြက်ခြေနီစေတနာ လုပ်အားရှင်များသည် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းများ၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ လူမှုကရုဏာလုပ်ငန်းများ၊ ရှေးဦးပြုစုခြင်းလုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နေပြည်တော်ကောင်စီနယ်မြေအတွင်း သစ်တောလုပ်ငန်းများနှင့် သစ်လုပ်ငန်းဆင်စခန်းအား ကွင်းဆင်းစစ်ဆေး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁)လမ်းမကြီးဘေး၊ ဖိုးဇောင်းတောင်ကြိုးဝိုင်းအတွင်း သစ်တောလုပ်ငန်းများ၊ နေပြည်တော်-ကံပြားလမ်း၊ ငလိုက်ကြိုးဝိုင်းအတွင်း ဆောင်ရွက်ထားသော သစ်တောလုပ်ငန်းများနှင့် မြန်မာ့သစ်လုပ်ငန်း၊ ငလိုက်ဆင်စခန်းတို့အား ကြည့်ရှုစစ်ဆေးသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဇွန် ၂၇ ရက်က မြန်အောင်မြို့နယ် ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပခဲ့သည်။
ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုခြင်းများ ဆောင်ရွက်
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုခြင်းများကို ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ ဆောင်ရွက်ခဲ့သည်။
ပုဇွန်တောင်မြို့နယ် လမ်း ၅၀ Bachelor မိသားစုက တတိယအကြိမ် အခြေခံစားသောက်ကုန်များလှူ ဒါန်း
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ်(၁၀)ရပ်ကွက် လမ်း ၅၀ Bachelor မိသားစုများက ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပန်းဥယျာဉ်ဌာန၊ သန့်ရှင်းရေးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ တိုင်းအရန် ရဲရိပ်သာ ကင်းအဖွဲ့တို့မှ ဝန်ထမ်းမိသားစုများ၊ အငှားယာဉ်မောင်းများ၊ အနှေးယာဉ်လုပ်သားများနှင့်
သူနာပြုတက္ကသိုလ်(ရန်ကုန်) (တိုးချဲ့) (၄)ထပ်စာသင်ဆောင် ပြိုကျမှုနှင့်ပတ်သက်သည့် စစ်ဆေးတွေ့ရှိချက်များနှင့် ဆက်လက်ပြုပြင် ဆောင်ရွက်ရမည့်လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ကျင်းပ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းမြစ် ဦးစီးဌာနအောက်ရှိ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းမှ သူနာပြုတက္ကသိုလ်(ရန်ကုန်) (တိုးချဲ့) (၄)ထပ်ဆောင် စာသင်ဆောင်ပြိုကျမှုနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များနှင့် အမြန်ဆုံး ဆက်လက်ပြုပြင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို
လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီ (၁/၂၀၂၀) အစည်းအဝေးကျင်းပ
လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီ(၁/၂၀၂၀) အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရန်ကုန်သင်တန်းကျောင်း၌ ကျင်းပသည်။