ပုဇွန်တောင်မြို့နယ် လမ်း ၅၀ Bachelor မိသားစုက တတိယအကြိမ် အခြေခံစားသောက်ကုန်များလှူ ဒါန်း

ရန်ကုန် ၂၇ ဇွန်

 

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ်(၁၀)ရပ်ကွက် လမ်း ၅၀ Bachelor မိသားစုများက ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပန်းဥယျာဉ်ဌာန၊ သန့်ရှင်းရေးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ တိုင်းအရန် ရဲရိပ်သာ ကင်းအဖွဲ့တို့မှ ဝန်ထမ်းမိသားစုများ၊ အငှားယာဉ်မောင်းများ၊ အနှေးယာဉ်လုပ်သားများနှင့် အခြေခံလူတန်းစားများအား ကိုဗစ်-၁၉ ကာလအတွင်း ကူညီထောက်ပံ့ခြင်းအစီစဉ်အဖြစ် ငွေကျပ် သိန်း ၂ဝ တန်ဖိုးရှိ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ ငါးသေတ္တာများကို တတိယအကြိမ်အဖြစ် ယနေ့ ညနေပိုင်းတွင် လမ်း ၅ဝ ထိပ်၌ လှူဒါန်းခဲ့သည်။

 

လှူဒါန်းပွဲတွင် ဦးဆောင်လှူဒါန်းသူ ဦးစိုးမြင့်က “ကိုဗစ်ကာလမတိုင်ခင် ကတည်းက ရပ်ကွက်အတွင်းမှာ အလှူရှင်တွေ စုပေါင်းပြီးတော့ လစဉ်စတုဒိသာ အကျွေးအမွေးများ လှူဒါန်းခဲ့ပါတယ်၊ အခု ကိုဗစ်ကာလမှာလည်း မေ ၂၃ ရက်က အခြေခံစားသောက်ကုန်များကို ပထမအကြိမ်လှူဒါန်းပြီး ဒုတိယအကြိမ်ကို ဇွန် ၇ ရက်က လှူဒါန်းခဲ့ပါတယ်၊ အခုလှူတာက တတိယအကြိမ်ပါ။ အခုလို မိုးထဲရေးထဲမှာ လှူဒါန်းရပေမယ့်လည်း ကျွန်တော်တို့ ဝမ်းသာပီတိဖြစ်မိပါတယ်။ နောက်ထပ်လှူဒါန်းသွားဖို့ အစီအစဉ်လည်းရှိပါတယ်”ဟု ပြောသည်။

 

သတင်းဓာတ်ပုံ- ဥမ္မာရီရီ