ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

ဇွန် ၂၇ မြန်အောင်

 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဇွန် ၂၇ ရက်က မြန်အောင်မြို့နယ် ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပခဲ့သည်။

 

ကာကွယ်ရေးပစ္စည်းများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဝင်းထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများအား မြန်အောင်မြို့နယ်အတွင်းရှိ မြန်အောင်ပြည်သူ့ဆေးရုံ၊ ကနောင်ပြည်သူ့ဆေးရုံ၊ အင်ပင်ပြည်သူ့ဆေးရုံ၊ သပြေကုန်းပြည်သူ့ဆေးရုံနှင့် ရွှေကိင်ပြည်သူ့ဆေးရုံများသို့ အချိုးကျ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချိုနှင့် မြို့နယ်ကျန်းမာရေးအထောက်အကူပြု ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

 

အင်ပင် သန်းဌေးအောင်