ဗဟို၀န်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် Online Learning System ဖြင့်ဖွင့်လှစ်ပို့ချခဲ့သည့် အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၈၇) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နိုင်ငံ့ဝန်ထမ်းများ၏ လေ့လာသင်ယူမှုအခွင့်အလမ်းများ အရှိန်အဟုန်မပြတ်စေရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဗဟို၀န်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့် အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၈၇)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီကကျင်းပခဲ့ရာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၊ ပါမောက္ခချုပ် ဦးကျော်စိုးက Online မှသင်တန်းဆင်း အမှာစကားပြောကြားသည်။ 
မိုင်းယောင်း၌ ကိုဗစ်-၁၉ ကာလအတွင်း ကလေးများအတွက် စိတ်အပန်းဖြေစရာ ဆေးရောင်ခြယ်စာအုပ်များ အခမဲ့ပေးဝေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနသည် ဇန်နဝါရီ ၁၅ ရက်က မြို့နယ်အတွင်းရှိ ကလေးများအတွက် စိတ်အပန်းဖြေစရာ ဆေးရောင်ခြယ် စာအုပ်များ အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေ ကျဆင်းမှု စတင်ဖြစ်ပေါ်နေပြီး ဆက်လက်ကျဆင်းနိုင်
မန္တလေးမြို့၏ ဧရာဝတီမြစ်ရေ အခြေအနေသည် လက်ရှိ၌ ကျဆင်းမှုများ ဖြစ်ပေါ်နေပြီး ဇန်နဝါရီလ(၁၅)ရက်နေ့တွင် (၃၃၃)စင်တီမီတာဖြင့် မန္တလေးမြို့၏ စံချိန်တင် ရေနည်းသတိပေးမှတ် (၃၆၀)စင်တီမီတာအောက် (၂၇)စင်တီမီတာ(တစ်ပေနီးပါးခန့်) ကျဆင်းနေကြောင်း သိရှိရပါသည်။
အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ကော်မတီ၏ ဦးဆောင်မှုဖြင့် အလှူအရှင်များစုပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် ငွေကျပ်သိန်း(၉၀၀)ကျော် လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အင်းစိန်ရွာမ ပရိယတ္တိစာသင် တိုက်မှ ငွေကျပ်သိန်း(၅၀၀)အပါအဝင် အင်းစိန်မြို့နယ်နေ အလှူအရှင်များ စုပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် ငွေကျပ်သိန်း(၉၀၀)ကျော် လှူဒါန်းခြင်းကို
ဆီဆိုင်မြို့နယ်၌ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာချင်းဆက်လမ်းဆောင်ရွက်ပေး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် (၁၉၀.၈၃၄)သန်းဖြင့် တင်ဒါ အောင်မြင်သည့် တောင်နှင်းဝေကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော
စွန်းလွန်းဆည်အနီး၌ တမံရေပိုလွှဲ ဖြတ်တံတား တည်ဆောက်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ စွန်းလွန်းဆည်အနီးရှိ ကျေးရွာနေပြည်သူများ ရာသီမရွေး အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် တမံရေပိုလွှဲ (Approach Channel) ဖြတ်တံတား တည်ဆောက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ချောင်းဆုံမြို့နယ် မရမ်းကျေးရွာ၌ သောက်သုံးရေ ဖူလုံစွာရရှိရေး ဆောင်းရွက်နေမှု ကွင်းဆင်းကြည့်ရှု