အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ကော်မတီ၏ ဦးဆောင်မှုဖြင့် အလှူအရှင်များစုပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် ငွေကျပ်သိန်း(၉၀၀)ကျော် လှူဒါန်း

ရန်ကုန်၁၅ ဇန်နဝါရီ   

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အင်းစိန်ရွာမ ပရိယတ္တိစာသင် တိုက်မှ ငွေကျပ်သိန်း(၅၀၀)အပါအဝင် အင်းစိန်မြို့နယ်နေ အလှူအရှင်များ စုပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် ငွေကျပ်သိန်း(၉၀၀)ကျော် လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီး ဘဒ္ဒန္တတိလောက ဆရာတော်ဘုရားမှ အလှူငွေကျပ်သိန်း(၅၀၀)အပါအဝင် အင်းစိန် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊စေတနာရှင် အလှူရှင်များ စုပေါင်း၍ ငွေကျပ်သိန်း(၉၁၅၈၈၀၀၀) နှင့် ဒေါ်လာ(၁၀၀)ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းရရှိခဲ့သည် အလှူငွေများကို အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများဖြစ်သော အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့်တာဝန်ရှိသူများက နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရေး ရန်ပုံငွေထဲသို့ ထည့်ဝင်နိုင်ရန်အတွက် အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၊မန်နေဂျာ ဦးထက်နိုင် ထံ အလှူရှင်များကိုယ်စား လွှဲပြောင်းလှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)