ဆီဆိုင်မြို့နယ်၌ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာချင်းဆက်လမ်းဆောင်ရွက်ပေး

ဆီဆိုင် ၁၅ ဇန်နဝါရီ    

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် (၁၉၀.၈၃၄)သန်းဖြင့် တင်ဒါ အောင်မြင်သည့် တောင်နှင်းဝေကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ကောင်းမူဗွာ-လိုက်ဟန်နား-လိုက်ပေး ကျေးရွာ ချင်းဆက်လမ်း (/)မိုင်အနက် (/)မိုင် ကျောက်ခင်းခြင်းနှင့် တစ်ဖက်လျှင်()ပေစီ အမာခံ လမ်းပုခုံးခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် အရည်အသွေး ကောင်းမွန်ရေးအတွက်   ဇန်နဝါရီ ၁၅ ရက် နံနက် နာရီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ ဟိုပုံးမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းချစ်နှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းပြီးစီးပါက ကျေးရွာအုပ်စု()အုပ်စု၊ ကျေးရွာ()ရွာမှ အိမ်ခြေ(၂၅၈) လူဦးရေ ၁၃၀၀ ခန့်၏ စီးပွားရေး၊ ပညာရေး၊ လူမူရေး၊ ကျန်းမာရေးကဏ္ဍများ ယခင်ကထက် ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပြီး မိမိဒေသထွက်ကုန်များအား ဈေးကွက်သို့ အချိန်တိုအတွင်း အလွယ်တကူ တင်ပို့ရောင်းချ နိုင်ပြီး ဝင်ငွေမြင့်မားလာကာ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)