မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မုဒုံမြို့နယ်ရှိ သက်မွေးပညာသင်တန်းကျောင်း ဆောက်လုပ်မည့် မြေနေရာရှင်းလင်းမှုအား ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သက်မွေးပညာသင်တန်းကျောင်း ဆောက်လုပ်မည့်မြေနေရာအား ဇန်နဝါရီ  ၁၉  ရက် ညနေပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများတို့က မြေနေရာရှင်းလင်းနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
စားသုံးရန်မသင့်သည့် အစားအသောက်များရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ စည်ပင်သာယာမြို့မဈေးကြီးအတွင်း စားသုံးရန်မသင့်သည့် အစား အသောက်များ ရောင်းချခြင်း ရှိ/မရှိ တို့ကို ဇန်နဝါရီ  ၁၉  ရက် နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့ ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာန ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒေါ်စိုးယုဆွေတို့ ပူးပေါင်းအဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြ
မူဆယ်စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် ကျပ်သိန်းပေါင်း ၆၆၀ ကျော် လှူဒါန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ နယ်စပ်ဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင် ရေးအတွက် မူဆယ်စီးပွားရေးလုပ်ငန်းရှင်များအသင်းက ငွေကျပ်(၆၆၂)သိန်း ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀ နာရီခန့်က မူဆယ်ခရိုင်၊ ခရိုင်/မြို့နယ် စုပေါင်း အစည်း အဝေးခန်းမ၌ ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ကျင်းပသည်။
ကျိုင်းတုံမြို့၌ ကတ္တရာကွန်ကရစ် မြို့ရှောင်လမ်း ဖောက်လုပ်လျက်ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးအတွက် ကတ္တရာကွန်ကရစ် မြို့ရှောင်လမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ကျိုင်းတုံခရိုင် လမ်းဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် စုစုပေါင်း ၁၅၂၀၃ ဒသမ ၆၁၇ သန်းဖြင့်  ဖောက်လုပ်လျက် ရှိကြောင်း သိရသည်။
ကောလင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု "ဖျာ၊တောင်း" ရက်လုပ်ခြင်းသင်တန်းဆင်းပွဲပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ယွန်းအိုးကျေးရွာအုပ်စု ယွန်းအိုးကျေးရွာတွင်  ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် တစ်နိုင်တစ်ပိုင် မှသည် စီးပွားဖြစ် လုပ်ကိုင် ဆောင်ရွက်နိုင်ကာ မိသားစုများဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု
ဝက်လက်မြို့နယ်၌ ဂျုံရှစ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စစ်တမ်းကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မင်းရွာကျေးရွာတွင် စိုက်ပျိုးရေး ဦးစီးဌာနနှင့် သုတေသန ဦးစီးဌာနတို့ ပူးပေါင်းကာ ဂျုံရှစ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်များ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက မင်းရွာကျေးရွာ စခန်းတာဝန်ခံ ဒေါ်ဆွေဆွေဌေးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး အောင်မြင်ဖြစ်ထွန်းမှုအခြေအနေ အချက်အလက်များ ကောက်ယူခြင်းများ ဆောင်ရွက်ကြကြောင်း သိရ
ဗန်းမောက်မြို့နယ်၌ ကနန်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း တွေ့ဆုံပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ကနန်းဒေသစိပ်၊ နန်းဇားကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းတွင် ဇန်နဝါရီ ၁၉  ရက် မွန်းလွဲပိုင်းက နန်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း တွေ့ဆုံဆွေးနွေပွဲ ပြုလုပ်ခဲ့ကြောင်း သိရ