မြန်မာတက္ကသိုလ်ဘောလုံးအသင်း ထိုင်းကိုနိုင်ပြီး ဗိုလ်လုပွဲတက်
အရှေ့တောင်အာရှ တက္ကသိုလ်အားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ အိမ်ရှင်မြန်မာအသင်းသည် ထိုင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။ မြန်မာအသင်းသည် ထိုင်းအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။