အမရပူရမြို့နယ် တပ်ကြီးရွာမှ ပြုလုပ်သည့် ရောင်စုံမြေထည်အရုပ်စုဘူးများ ဒေသအနှံ့ တင်ပို့ရောင်းချ
မန္တလေးမြို့ အမရပူရမြို့နယ် တပ်ကြီးရွာမှ ပြုလုပ်သော ရောင်စုံအရုပ်စုဘူးများကို ဒေသအနှံ့ လှိုင်လှိုင် တင်ပို့လျက်ရှိရာ အဆင်ပြေလျက်ရှိကြောင်း တပ်ကြီးရွာမှ မြေထည်ပစ္စည်းများ ပြုလုပ်ရောင်းချသူ ဒေါ်နှင်းရီ ထံမှ သိရသည်။








