မိုးကောင်းမြို့ တိမ်ပင်လယ်ခရီးစဉ်ဒေသသစ်သို့ ခရီးသွားကုမ္ပဏီများမှ ခရီးစဉ်လမ်းကြောင်းရေးဆွဲရန် လာရောက်လေ့လာ

မိုးကောင်း၊   ၁၇   ဇန်နဝါရီ

ကချင်ပြည်နယ် မိုးကောင်းမြို့အား တိမ်ပင်လယ်ခရီးစဉ်ဒေသသစ်ဖော်ဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဦးစီးဌာနမှတာဝန်ရှိသူများ မြစ်ကြီးနားအခြေစိုက် ခရီးသွားကုမ္ပဏီများမှ တိမ်ပင်လယ်ကြည့်ရှုရန်နှင့် ခရီးစဉ်လမ်းကြောင်း ရေးဆွဲရန် လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

မိုးကောင်းမြို့ခရီးစဉ်ဒေသသစ်အတွက် ဒေသတွင်းနှင့်ဒေသပြင်ပမှ လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များ အဆင်ပြေစေရန် မြစ်ကြီးနားအခြေစိုက်ခရီးသွားကုမ္ပဏီများဖြစ်ကြသည့် နွေဦးခရီးသွား ကုမ္ပဏီလီမိတက်၊ Kasante Travel & Tour Northern Eden Travel & Tour တို့မှ ခရီးစဉ်လမ်းကြောင်းတွင်ပါဝင်သည့် လွိုင်ဟင်းချယ်တောင်တိမ်ပင်လယ်၊ သမိုင်းဝင်ရွေဝက်တိုးစေတီ၊ ကျောက်သွေးကျောက်ဖြတ်နှင့် ကျောက်စိမ်းအချောထည်လုပ်ငန်းများကို တစ်ညအိပ်ခရီးစဉ်အဖြစ် လာရောက်လည်ပတ်နိုင်ရန် ခရီးစဉ်လမ်းကြောင်းရေးဆွဲပြီး မိုးကောင်းမြို့သို့ လာရောက်လည်ပတ်မည် ဆိုပါက အဆိုပါခရီးသွားကုမ္ပဏီများနှင့် ချိတ်ဆက်လည်ပတ် နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)