ကိုဗစ်လွန်ကာလ၌ ကော့သောင်းနှင့် ဘုတ်ပြင်းတွင် ခရီးသွားတို့အတွက် ဆွဲဆောင်ရန် စီစဉ်ထား
ကိုဗစ်လွန်ကာလတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ် လေ့လာနိုင်ရန် ကော့သောင်း၊ ဘုတ်ပြင်းရှိ ဒီရေတောများ၊ ပင်လယ်ပြင်မွေးမြူရေး လုပ်ငန်းမျာနှင့်  ပါချန်နှင့် ပုလုံး တုံးတုံး ဒီရေတောတို့ကို သဘာဝအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားရာ
မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်များမှတ်တမ်း သမိုင်းဝင် ကြေးပိဿာချိန်(၆၅၀)ရှိ မဟာမေဃဝဇ္ဇိသန္ဒဝန် ခေါင်းလောင်းတော်
သမိုင်းအမွေအနှစ်ပစ္စည်းများသည် လူမျိုးတစ်မျိုးအတွက် အဖိုးမဖြတ်နိုင်သော ပစ္စည်းများပင်ဖြစ်သည်။  မြန်မာနိုင်ငံ သည် သမိုင်းအမွေအနှစ်ပစ္စည်းများ ယဉ်ကျေးမှုလက်ရာ မြောက်ပစ္စည်းများစွာရှိသည်။ လူငယ်များအနေဖြင့် သမိုင်းတန်ဖိုးကိုနားလည်ကာ လက်ဆင့်ကမ်းထိန်းသိမ်းရန် လိုအပ်လှသည်။
မန္တလေးမြို့မှ လက်ရာမြောက် ကြေးစည်တော်နှင့် နတ်ရုပ်ကြီးနှစ်ရုပ် 
မြန်မာ့ကြေးထည် ပစ္စည်းများအနက် လက်ရာမြောက်ကြေးစည်တော်နှင့် နတ်ရုပ်ကြီးနှစ်ရုပ်ကို မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် လေ့လာနိုင်သည်။ ကြေးစည်တော်နှင့် နတ်ရုပ်ကြီးနှစ်ရုပ်မှာ  မြန်မာ့ကြေးထည် ပစ္စည်းများထဲမှ လက်ရာမြောက် သမိုင်းဝင်ကြေးထည်ပစ္စည်းများဖြစ်ပြီး .....
လောင်းလုံးမြို့နယ်တွင် ရှေးဟောင်းမြသပိတ်စေတီတော် အုတ်မြစ်တော်စီ မင်္ဂလာနှင့်အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဆင်ပုနစ်ကျေးရွာ၊ မြသပိတ်ကျောင်းဝင်း အတွင်းရှိ ရှေးဟောင်းမြသပိတ်စေတီတော် အုတ်မြစ်တော်စီမင်္ဂလာနှင့် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း .....
ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၇၉) ကြိမ်မြောက် ဆွမ်းနှင့်ငွေပဒေသာပင်များ ဆပ်ကပ်လှူဒါန်းပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ကျက်သရေဆောင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၇၉) ကြိမ်မြောက် ငွေပဒေသာပင်နှင့် ဆွမ်းစာရေးတံမဲ ဆပ်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ မင်းကွန်းဒေသမှ ဝါးလက်မှုပစ္စည်းများ ဈေးကွက်အေးနေသော်လည်း ပိုမိုဆန်းသစ်သည့် ဖန်တီးမှုများဖော်ဆောင်
မင်းကွန်းဒေသတွင် ရှေးယခင်ကတည်းက ပန်းချီအနုပညာနှင့်ပေါင်းစပ်ကာ လက်ရာမြောက် ဝါးအနုပညာ ပစ္စည်းများကို ပြုလုပ်ရောင်းချကြသည်။ လက်ရှိ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေချိန် ခရီးသွားလုပ်ငန်း ရပ်နားထားသည့်အတွက် မင်းကွန်းဒေသထွင် ဝါးလက်မှု ပစ္စည်းများ ဈေးကွက် အေးနေသော်လည်း ပိုမိုဆန်းသစ်သည့် ဝါးလက်မှုပစ္စည်းများကို  တီထွင်လေ့ကျင့် လုပ်ကိုင်လျက်ရှိကြောင်း.....