ရေတာရှည်မြို့နယ်မှ မသန်စွမ်းသူ ၂၂ ဦးအတွက် Brac Myanmar မှ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ပစ္စည်းများ ထောက်ပံ့

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ Brac Myanmar  အသေးစား ငွေရေးကြေးရေးကုမ္ပဏီ လီမီတက်မှ မသန်စွမ်းသူ ၂၂ ဦးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ က ရေတာရှည်မြို့၊ အမှတ် ၄ ရပ်ကွက်ရှိ Brac Myanmar ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းစထိမှန်၍  ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှု ခံယူနေသည့် လူနာ (၃) ဦးအား အလှူငွေများ ထောက်ပံ့ 
ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ မိုင်းစထိမှန်၍ တက်ရောက်ဆေးကုသမှု ခံယူနေသည့် လူနာသုံးဦးအား ဌာနဆိုင်ရာမှ တာဝန်ရှိသူများ စေတနာရှင် အလှူရှင်များက အလှူငွေများနှင့် အစားအသောက်များကို သြဂုတ်လ ၁၉ ရက် ညနေ ၆ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 
စေတုတ္တရာမြို့နယ်မှ ဒေသခံ ၁၁၀ဝ ကျော်အား တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်ပေး
မကွေးတိုင်းဒေကြီးတွင် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ စေတုတ္တရာမြို့နယ်ရှိ ဒေသခံပြည်သူများအား ဩဂုတ် ၁၉ ရက်စတင်ကာ စေတုတ္တရာမြို့ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့၊ မြို့မလမ်းတွင် မီးတိုင်၊ မီးကြိုးများ အသစ်တပ်ဆင်လျှက်ရှိ
ပခုက္ကူမြို့၊ မြို့မလမ်းတစ်လျှောက် လမ်းလယ်ကျွန်းမှ ယခင်လမ်းမီးတိုင်များအစား၊ တိုင်အသစ်စိုက်ထူခြင်း၊ မီးတိုင်အသစ်များ တပ်ဆင်ခြင်းကို ဩဂုတ်လအတွင်း ဆောင်ရွက်လျက်ရှိသည်။
ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် ကျသောင်းတောင် ကျေးရွာအုပ်စုတွင် တောင်ကျရေ တိုက်စားမှုကြောင့် ကမ်းပါးပြို
နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ကျသောင်းတောင်ကျေးရွာအုပ်စု၊ ကျေးတန်းကူကျေးရွာတွင် သြဂုတ် ၁၉ ရက် နံနက် ၆ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေ များလာပြီး  သစ်ပုတ်ပင် - ကျေးတန်းကူ ကျေးရွာချင်းဆက်လမ်းတွင် ကမ်းပါးပြိုကျမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 
ဂုတ်တွင်းတံတားတွင် ယနေ့ညနေပိုင်းမှ စတင်ကာ ၃၆ တန်ရှိ မော်တော်ယာဉ်များ ဖြတ်သန်းနိုင်ပြီဖြစ်
ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ဂုတ်တွင်းဘေလီတံတား အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် နေ့ညမပြတ် စက်ယန္တရားအင်အား၊ လူအင်အားအပြည့်ဖြင့် ဆောင်ရွက်လျက်ရှိရာ --------
စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ
ဒေါက်တာနီလာသိန်း(လင်းရောင်သစ်) ရေးသားပြုစုသော အလင်းစကားဖွဲ့သီ မျက်ဝန်းဆီမှ  စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို သြဂုတ် ၁၈ ရက်  မွန်းလွဲ ၄ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 Food Center ၌ကျင်းပသည်။