ဂုတ်တွင်း ဘေလီတံတားပေါ်မှ လူစီးယာဉ်ငယ်နှင့် ကုန်ကားလတ်အချို့ ဖြတ်သန်းပြီးပါက တံတားကြံ့ခိုင်မှုစစ်ဆေးရန် တံတားအား ခေတ္တပိတ်ထားမည်
ဂုတ်တွင်းတံတား ယာယီဘေလီတံတားပေါ်မှ ယနေ့ မွန်းလွဲ ၁ နာရီမှ စတင်ကာ အိမ်စီးယာဉ်ငယ်များ၊ ကုန်ကားလတ်များအား နောင်ချိုဘက်မှ ကျောက်မဲဘက်သို့ စတင်ဖြတ်သန်း ခွင့်ပြုနေပြီဖြစ်ပြီး ကျောက်မဲဘက်မှ လူစီးယာဉ်ငယ်နှင့်ကုန်ကားလတ် အချို့ ဖြတ်သန်းပြီးပါကတံတားကြံ့ခိုင်မှုအတွက်ဘေလီသံဘောင် ချုပ်တန်းများ နှင့် အထိုင်များ ပြန်လည်စစ်ဆေးရန်တံတား အား ခေတ္တပိတ်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။






