ကျောက်ထုမြို့နယ်တွင် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေးနင့် အစားထိုးအသုံးပြုရေး ကွင်းဆင်း ဆောင်ရွက်

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ရှိ ဒေသခံအများပြည်သူများ ၏ ဈေးရောင်းဈေးဝယ် လုပ်ငန်းများ၌ စားသုံးသူများ၏ ကျန်းမာရေးနင့် ညီညွတ်စေရန် ကြွပ်ကြွပ်အိတ်အစား အင်ဖက်၊ ဗန်ဒါဖက်၊ ငှက်ပျောဖက်နင့် စက္ကူများဖြင့် အသုံးပြုကြရန် ယနေ့ နံနက် ၇ နာရီက ဆီမီးခွက်ဈေးတွင် ကျောက်ထုမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်ဌေးဦး ၊ ကျောက်ထုမြို့ စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ ၊ ကျောက်ထုမြို့ လမ်းဦးစီးဌာန အင်ဂျင်နီယာ ဦးအောင်နေဆန်း၊ မိခင်နှင့်ကလေး စောင့်ရှာက်ရေး အသင်းဝင်များနှင့် ဈေးကော်မတီအဖွဲ့ဝင်များ၊ ပူပေါင်းကွင်းဆင်း ဆောင်ရွက်ကြသည်။ 
မိုးညှင်းတွင် လျှပ်စစ်ဆိုင်ကယ်နှင့် လိုင်စင်မဲ့ဆိုင်ကယ်များအား နေ့ချင်းပြီး လိုင်စင်ဆောင်ရွက်ပေး
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့အရှေ့စုရပ်ကွက်ရှိ ရွှေသာလျောင်းဇာတ်ရုံတွင် လျှပ်စစ်ဆိုင်ကယ်နှင့်လိုင်စင်မဲ့ဆိုင်ကယ်များအား နေ့ချင်းပြီး လိုင်စင်ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲမှစ၍ လိုင်စင်ပြုလုပ်ရေးဆက်စပ်အဖွဲ့များက တစ်နေရာထဲတွင် နေ့ချင်းပြီး လိုင်စင်ပြုလုပ်ပေးလျက်ရှိသည်။ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့အရှေ့စုရပ်ကွက်ရှိ ရွှေသာလျောင်းဇာတ်ရုံတွင် လျှပ်စစ်ဆိုင်ကယ်နှင့်လိုင်စင်မဲ့ဆိုင်ကယ်များအား နေ့ချင်းပြီး လိုင်စင်ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲမှစ၍ လိုင်စင်ပြုလုပ်ရေးဆက်စပ်အဖွဲ့များက တစ်နေရာထဲတွင် နေ့ချင်းပြီး လိုင်စင်ပြုလုပ်ပေးလျက်ရှိသည်။
မြိတ်တက္ကသိုလ်တွင် ရှေးဦးပြုစုခြင်း သာမန်အဆင့် သင်တန်းဆင်း
မြိတ်တက္ကသိုလ် ကျောင်းသားကျောင်းသူများအား လူမှုဂရုဏာလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ ရှေးဦးပြုစုခြင်း ပညာရပ်များကို နားလည်တတ်မြောက်စေရန်နှင့် ---------------
ကျောက်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ စားသုံးသူအကာကွယ်ပေးရေး အသိပညာပေးဟောပြော၍ ကျောင်းမုန့်ဈေးတန်းများ စစ်ဆေး 
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများ၌ စားသုံးသူအကာကွယ်ပေးရေး အသိပညာပေး ဟောပြော၍ ကျောင်းမုန့်ဈေးတန်းများ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ပဲခူးရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ကပ်ကျေးရပ်ကွက် မူလတန်းလွန်ကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင် ရေနံလုပ်ကွက်များ ဆောင်ရွက်ပါက အရေးယူသွားမည်
မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင် ရေနံလုပ်ကွက်များကို ခွင့်ပြုပေးထားခြင်း မရှိဘဲ ဆောင်ရွက်နေသည်ကို တွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်၊ သယံဇာတရေးရာ ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ဇော်ထံမှ သိရသည်။
ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ အသိပညာပေး ဟောပြောပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ် (၃)ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမဆောင်၌ ယမန်နေ့မနက် ၉ နာရီခွဲက ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
မယ်စဲ့တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ကျင်းပ
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယမန်နေ့က မယ်စဲ့မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။