နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်  တာဝန်ထမ်းဆောင်မည့် ဦးမျိုးသန့်ဖေနှင့် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့် ဦးမြင့်သူတို့အား လမ်းညွှန်မှာကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့် ဦးမျိုးသန့်ဖေနှင့် ------------
သံတောင်ကြီးမြို့နယ်တွင် မိခင်နို့စနစ်တကျတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ဖွင့်ပွဲကျင်းပ
ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ် မြို့နယ်အဆင့် မိခင်နို့ စနစ်တကျတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
မွန်းလွဲပိုင်းရန်ကုန်စတော့ အိတ်ချိန်းရှယ်ယာ ဈေးနှုန်းများ
သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သော ဒေသများသို့ သန်လျင်မြို့နယ်မှ အလှူငွေနှင့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်း
သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများထံသို့ သန်လျင်မြို့နယ်မှ စေတနာရှင် အလှူရှင်များ စုပေါင်း၍ အလှူ ငွေနှင့် ဆန်၊ ဆီ၊ ဆား၊ အသင့်စား ခေါက်ဆွဲခြောက်များနှင့် ဆေးဝါးများအား ယနေ့ နံနက် ၈ နာရီက မွန်ပြည်နယ်သို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့ ကျီတော်ကုန်း ရပ်ကွက်၌ ရေဂါလန် ၅၀ဝဝဝ ဆံ့ အုတ်ရေလှောင်ကန် တည်ဆောက်ပြီးစီး
မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက်၌ ရပ်ကွက်နေပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန် ရေဂါလန် ၅၀ဝဝဝ ဆံ့ အုတ်ရေလှောင်ကန် တည်ဆောက်လျက်ရှိရာ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့၌ “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဖလမ်းမြို့မရဲစခန်းမှ အချုပ်သူ အချုပ်သားများအား စာအုပ်စာစောင်များ ငှားရမ်းပေး
ချင်းပြည်နယ်၊ ဖလမ်းမြို့ မြို့မရဲစခန်းရှိ အချုပ်သူ အချုပ်သားများအား စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ တိုးတက် ပြောင်းလဲစေရေး---------